close

အစ္စရေးဝန်ကြီးချုပ်

close

December 31, 2022

တကျော့ပြန်အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကျမ်းသစ္စာကျိန်ဆို

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာ သူ့ရဲ့ပထမဆုံး အစိုးရအဖွဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီးဟာ နိုဝင်ဘာ ၁ ရက် ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးပါတီများအစုအဖွဲ့မှ ပါလီမန်အမတ်နေရာတွေကို အများစုရရှိခဲ့ ပြီးကတည်းက နိုင်ငံသားအခွင့်အရေးနဲ့ သံခင်းတမန်ခင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ငြိမ်သက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

သူဟာ လက်ရှိ အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရပြီး သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူ့ရဲ့မဟာမိတ်တွေဟာ ပါလက်စတိုင်းနိုင်ငံနဲ့ သူ့ခေါင်းဆောင်တွေကိုပါ ဆန့်ကျင်ကြတဲ့ ဘာသာရေး ဇီယွန်ဝါဒီတွေနဲ့ ဂျူးအာဏာပါတီတွေဖြစ်ကြပြီး အရင်တုန်းက အစ္စရေးရဲ့ တရားစီရင်ရေးစနစ်၊ အာရပ်လူနည်းစုတွေနဲ့ LGBT အခွင့်အရေးတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။ 

အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုခင် အတည်ပြု မဲပေးစနစ်အရ သူ့အစိုးရဟာ ပါလီမန်လွှတ်တော်မဲ ၁၂၀ ထဲမှာ ၆၃ မဲ ရရှိခဲ့တာပါ။ 

နေတန်ယာဟုရဲ့ ကွန်ဆာဗေးတစ် လီကွတ်ပါတီက သူ့အစိုးရအတွက် လမ်းညွှန်ချက်ထဲမှာ ပြောထားတာမှာ အနောက်ဘက်ကမ်း မြေယာတွေပေါ်မှာ ဂျူးအခြေချနေထိုင်မှုတွေကို ချဲ့ထွင်ပေးဖို့ စီစဉ်ထားပြီး ဂျူးလူမျိုးတွေအတွက် သီးသန့်နဲ့လက်လှမ်းမမီနိုင်တဲ့ အခွင့်အရေးတွေ ရှိမယ် လို့ ဆိုထားပါတယ်။ 

ပါလက်စတိုင်းတွေအတွက်တော့ နေတန်ယာဟုရဲ့ အစီအစဉ်ဟာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေမယ်လို့ ခန့်မှန်းကြပါတယ်။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံ အများစုကတော့ စစ်ပွဲအတွင်း သိမ်းပိုက်ထားတဲ့ မြေယာပေါ်မှာ အခြေချနေထိုင်မှုတွေဟာ တရားမဝင်ဘူးလို့ ဆိုကြပါတယ်။ 

2 mins Ago

December 14, 2021

အီရန်အရေးဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် ယူအေအီးနိုင်ငံသို့ သွားရောက်

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အီရန်အရေးကိစ္စ ဆွေးနွေးဖို့ ယူအေအီး အာရပ်နိုင်ငံကို သမိုင်းဝင်ခရီးထွက်ခဲ့ပြီး တော်ဝင်မင်းသား ရှိခ်မိုဟာမဒ်ဘင်ဇာယဒ် အလ်နာယန်နဲ့  တွေ့ဆုံပါတယ်။

အီရန်အပေါ် နှစ်နိုင်ငံလုံးက စိုးရိမ်မှုရှိပြီး မနှစ်က ချုပ်ဆိုခဲ့တဲ့ အမေရိကန်-အစ္စရေး-ယူအေအီး သုံးနိုင်ငံ ‘အေဘရာဟမ် သဘောတူညီချက်’ ကတဆင့် ဆက်ဆံရေးတိုးမြှင့်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

အီရန်ဟာ အစ္စရေးရဲ့ အကြီးမားဆုံးပြိုင်ဘက်နိုင်ငံ ဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်တစ်ဦးရဲ့ ပထမဆုံး ယူအေအီးနိုင်ငံခရီးမှာ  မစ္စတာနက်ဖ်တာလီက စီးပွားရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေကိုပဲ ရှေ့ဗန်းပြထားပြီး အီရန်နဲ့ပတ်သက်လို့ လူသိရှင်ကြား မပြောသေးပါဘူး။

တဘက်မှာတော့ အမေရိကန်က အီရန်နဲ့ နျူကလီးယားပြဿနာ ဆွေးနွေးပွဲတွေ ပြန်စဖို့ ရှိနေပါတယ်။

1 year Ago
Up