close

အစ်ပင်မြို့

close

March 31, 2022

ယူကရိန်းတပ် ပြန်သိမ်းပိုက်ခဲ့သည့် အစ်ပင်မြို့ ဆိုးဆိုးရွားရွား ပျက်စီး

ယူကရိန်းတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိတဲ့ ကိယက်ဗ်မြို့တော်အနီး အစ်ပင်မြို့ဟာ မီးလောင် ပျက်စီးထားတဲ့ အိမ်တွေနဲ့ ကြောက်စရာကောင်းတဲ့ စွန့်ပစ်နယ်မြေတခုလို ဖြစ်သွားပါတယ်။

မြို့ရဲ့ ဆိုးဆိုးရွားရွား ပျက်စီးမှုက အဲဒီမှာ တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဘယ်လောက်ပြင်းထန်ခဲ့တယ်ဆိုတာ သက်သေခံနေပါတယ်။

လမ်းတွေပေါ် အရပ်သားတွေရဲ့ အလောင်းတွေ ပြန့်ကြဲနေပြီး အပျက်အစီးတွေကြား သွားလာနေတဲ့ လေလွင့်ခွေးတွေသာ ရှိတာပါ။

ယူကရိန်းသမ္မတနဲ့ မြို့တော်ဝန်တို့က အစ်ပင်မြို့ကို မတ် ၂၈ နေ့မှာ ပြန်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကြေညာပါတယ်။

စစ်ပွဲ ၁ လကျော်ကာလအတွင်း ယူကရိန်းတပ်တွေက ကိယက်ဗ်မြို့ကို အသေအလဲ ကာကွယ်ခဲ့တာကြောင့် မြို့တော်အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

13 mins Ago

March 29, 2022

အစ်ပင်မြို့ကို ရုရှားတပ်များထံမှ ပြန်သိမ်းပိုက်နိုင်ပြီဟု မြို့တော်ဝန်ပြော

ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ကပ်လျက်ရှိတဲ့ အစ်ပင်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ အစ်ပင်မြို့တော်ဝန်က ပြောပါတယ်။ 

အစ်ပင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားတပ်တွေနဲ့ နှစ်ဘက် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တာပါ။

မြို့တော်ဝန် အိုလက်ဆန်ဒါက အစ်ပင်မြို့ လွတ်မြောက်သွားပေမဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ လာနိုင်တာကြောင့် ဆက်ပြီး ကာကွယ်သွားမယ်လို့ ပြောပါတယ်။ 

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု တလကျော်အတွင်း ယူကရိန်းဒုက္ခသည် ၃ သိန်းနီးပါး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံခဲ့ကြရတာပါ။ 

2 days Ago
Up