ယူကရိန်းတပ် ပြန်သိမ်းပိုက်ခဲ့သည့် အစ်ပင်မြို့ ဆိုးဆိုးရွားရွား ပျက်စီး

ယူကရိန်းတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိတဲ့ ကိယက်ဗ်မြို့တော်အနီး အစ်ပင်မြို့ဟာ မီးလောင် ပျက်စီးထားတဲ့ အိမ်တွေနဲ့ ကြောက်စရာကောင်းတဲ့ စွန့်ပစ်နယ်မြေတခုလို ဖြစ်သွားပါတယ်။
မြို့ရဲ့ ဆိုးဆိုးရွားရွား ပျက်စီးမှုက အဲဒီမှာ တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဘယ်လောက်ပြင်းထန်ခဲ့တယ်ဆိုတာ သက်သေခံနေပါတယ်။
လမ်းတွေပေါ် အရပ်သားတွေရဲ့ အလောင်းတွေ ပြန့်ကြဲနေပြီး အပျက်အစီးတွေကြား သွားလာနေတဲ့ လေလွင့်ခွေးတွေသာ ရှိတာပါ။
ယူကရိန်းသမ္မတနဲ့ မြို့တော်ဝန်တို့က အစ်ပင်မြို့ကို မတ် ၂၈ နေ့မှာ ပြန်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကြေညာပါတယ်။
စစ်ပွဲ ၁ လကျော်ကာလအတွင်း ယူကရိန်းတပ်တွေက ကိယက်ဗ်မြို့ကို အသေအလဲ ကာကွယ်ခဲ့တာကြောင့် မြို့တော်အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။