close

အဆင့်လေး

close

April 3, 2022

အဆင့်လေးအတွင်းဝင်ဖို့ အခွင့်အရေးရှိသေးတယ်လို့ မန်ယူနည်းပြ ရန်းနစ်ခ်ပြော

မန်ယူနိုက်တက်အသင်းအနေနဲ့ ရာသီကုန်ချိန်မှာ အဆင့် လေးအတွင်း ဝင်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေသေးတယ်လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ မနေ့ညက  ကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်သာ ကစားနိုင်ခဲ့ပြီး ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက်ရုန်းကန်ရတော့မှာပါ။ 

နည်းပြ ရန်းနစ်ခ်ကတော့  အဆင့်လေးအတွင်းဝင်ဖို့က သင်္ချာနည်းအရ ဖြစ်နိုင်ပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး ရှေ့ဆက်သွားဖို့သာရှိကြောင်း ပြောပါတယ်။  

“ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့က သင်္ချာနည်းအရဘာမဆိုဖြစ်နိုင်ပါသေးတယ်။ ရာသီကုန်ဆုံးချိန်မှာ ဖြစ်နိုင်သမျှ အကောင်းဆုံးအဆင့်ရပ်တည်မှုတခုရလာဖို့က ကျနော်တို့ရဲ့အလုပ်ပါပဲ”  လို့ ရန်းနစ်ခ်ကပြောပါတယ်။ 

မန်ယူအသင်းဟာ ပွဲစဉ် ၃၀ ကစားအပြီးမှာ ၁၄ ပွဲနိုင် ၉ ပွဲသရေ၊ ၇ ပွဲရှုံးနိမ့်ခဲ့ပြီးလက်ကျန် ၈ ပွဲအလို အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

ဒါပေမယ့် အဆင့် ၅ နေရာက စပါးအသင်းထက် တပွဲပိုကစားထားသလို အဆင့် ၄ နေရာက အာဆင်နယ်ထက်လည်း ၃ မှတ်ကွာဟနေပါတယ်။ 

13 mins Ago
Up