close

အဆိပ်သင့်ဓာတ်ငွေ့

close

March 24, 2022

ဗြိတိန်တွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော် ဘုရင်မအဲလိဇဘက် အိုလံပစ်ပန်းခြံက ရေသတ္တဝါဌာနမှာ အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်အပြီး အသက်ရှူကျပ် ထိခိုက်သူတချို့ကို လန်ဒန် လူနာတင်ယာဉ်ဌာနက မတ် ၂၃ ရက်မှာ ပြုစုပေးခဲ့ရတယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်တဲ့နေရာကို ချက်ချင်း ဖုံးအုပ်ကာရံထားပြီး လူတွေကို ဘေးကင်းရာ ဖယ်ထုတ်ပြီးပြီလို့ ပန်းခြံကို စီမံခန့်ခွဲတဲ့ လန်ဒန် လေဂစီ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (LLDC) က ပြောပါတယ်။
“ရေသတ္တဝါဌာနမှာ အကြီးစား မတော်တဆဖြစ်လို့ တုံ့ပြန်ဆောင်ရွက်နေတယ်”လို့ လန်ဒန် လူနာတင်ယာဉ်ဌာနက ပြောပါတယ်။
ရေကူးကန်အပြင်ဘက်မှာ လူနာတင်ယာဉ် တဒါဇင်ကျော်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အဆိပ်သင့် ဓာတ်ငွေ့တွေ ပါဝင်ပတ်သက်နေတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

3 mins Ago

February 18, 2020

ပါကစ္စတန်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်ပျံ့နှံ့မှုကြောင့် လူ ၆ ယောက် သေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့က ပင်လယ်ဆိပ်ကမ်းနားရပ်ကွက်တခုမှာ ညဘက်ကြီး သံသယဖြစ်ဖွယ် အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်ပျံ့နှံ့ခဲ့လို့ လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး လူ ၅၀ ကို ဆေးရုံတင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ ဓာတ်ငွေ့တွေ ပြန့်နေတယ်လို့ ကီယာမာရီမြို့ခံတွေက တိုင်ကြားနေကြပြီး ထိတ်လန့် ကြောက်ရွံ့နေကြလို့ အကာအကွယ်အတွက် မျက်နှာဖုံးတွေ စတင် ဝတ်ဆင်နေကြပါတယ်။ အသက်ရှူလမ်းကြောင်း ပြဿနာကို ရင်ဆိုင်နေရတဲ့ လူတွေကို ဆေးရုံတင်ထားပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဟင်းသီးဟင်းရွက်တွေ အထားခံအောင် သုံးတဲ့ ဓာတုပစ္စည်းတွေကို သိုလှောင်ရင်း ဆိပ်ကမ်းမှာ ရပ်ထားတဲ့ သင်္ဘောတစီးထဲကနေ အဆိပ်သင့်ဓာတ်ငွေ့တွေ ယိုစိမ့်ခဲ့တာလို့ ဒေသခံတွေနဲ့ နာမကျန်းသူတွေက ပြောတဲ့အကြောင်း ဒေသခံမီဒီယာတွေက သတင်းထုတ်ပြန် ပါတယ်။ ကရာချီဆိပ်ကမ်း ပြောခွင့်ရကတော့ ကောလာဟလတွေကို ငြင်းဆိုလိုက်ပြီး အဲဒီလို သင်္ဘောတွေ ဆိပ်ကမ်းကို ရောက်မလာဘူးလို့လည်း ပြောပါတယ်။
2 years Ago
Up