close

အထူးစစ်ဆင်ရေး

close

June 18, 2022

အထူးစစ်ဆင်ရေးပြီးပါက ယူကရိန်းနှင့် ဆက်ဆံရေးပြန်ထူထောင်မည်ဟု ရုရှားပြော

ရုရှားဟာ အထူးစစ်ဆင်ရေးပြီးဆုံးသွားရင် ယူကရိန်းနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ မျှော်လင့်ထားကြောင်း ဇွန် ၁၇ ရက်က စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ကာဇက်စတန်သမ္မတ ကာဆင် ယိုမာ့ထ် တိုကာယက်ဗ်နဲ့ အမေးအဖြေကဏ္ဍထဲမှာ အနှေးနဲ့ အမြန်ဆိုသလို အခြေအနေတွေက ပုံမှန်ပြန်ဖြစ်လာမှာပါလို့လည်း ပူတင်က ပြောပါတယ်။

အိမ်နီးနားချင်းတွေ အားလုံး ကြီးပွားချမ်းသာဖို့ စိတ်ဝင်စားကြောင်းနဲ့ လက်ရှိဖြစ်ရပ်တွေကြားမှ အားလုံးနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။ 

ရုရှားဟာ လက်ရှိအချိန်က ပေးအပ်ထားတဲ့ အခွင့်အလမ်းကြီးတွေကို အသုံးချပြီး ပိုအားကောင်းလာမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

5 mins Ago

June 5, 2022

အထူးစစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်အောင် ဆက်လုပ်မည်ဟု ရုရှားပြော

ရုရှားဟာ ယူကရိန်းမှာ သူ့ရဲ့ "အထူးစစ်ဆင်ရေး" ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ အဓိကပန်းတိုင်တွေထဲက တခုကတော့ ကိုယ်ပိုင်နိုင်ငံ လို့ ကြေညာထားတဲ့ ဒွန်းညက် ပြည်သူ့သမ္မတနိုင်ငံနဲ့ လူဟန့်စ်ခ်ပြည်သူ့သမ္မတနိုင်ငံက ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်ပြီး သေချာတဲ့ရလဒ်တွေလည်း ရခဲ့တယ်လို့ ပက်စ်ကော့ဗ်က ယူကရိန်းနိုင်ငံ ဒွန်ဘက်စ် ဒေသက ခွဲထွက်နယ်မြေ ၂ ခု ကို ရည်ညွှန်းပြောဆိုသွားတာပါ။

ဒွန်းညက် နဲ့ လူဟန့်ခ် နယ်မြေ ၂ ခုကို ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက အဓိကထိန်းချုပ်ထားပါတယ်။ 

2 weeks Ago
Up