အထူးစစ်ဆင်ရေးပြီးပါက ယူကရိန်းနှင့် ဆက်ဆံရေးပြန်ထူထောင်မည်ဟု ရုရှားပြော

3
ရုရှားဟာ အထူးစစ်ဆင်ရေးပြီးဆုံးသွားရင် ယူကရိန်းနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ မျှော်လင့်ထားကြောင်း ဇွန် ၁၇ ရက်က စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ကာဇက်စတန်သမ္မတ ကာဆင် ယိုမာ့ထ် တိုကာယက်ဗ်နဲ့ အမေးအဖြေကဏ္ဍထဲမှာ အနှေးနဲ့ အမြန်ဆိုသလို အခြေအနေတွေက ပုံမှန်ပြန်ဖြစ်လာမှာပါလို့လည်း ပူတင်က ပြောပါတယ်။
အိမ်နီးနားချင်းတွေ အားလုံး ကြီးပွားချမ်းသာဖို့ စိတ်ဝင်စားကြောင်းနဲ့ လက်ရှိဖြစ်ရပ်တွေကြားမှ အားလုံးနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။
ရုရှားဟာ လက်ရှိအချိန်က ပေးအပ်ထားတဲ့ အခွင့်အလမ်းကြီးတွေကို အသုံးချပြီး ပိုအားကောင်းလာမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။