close

အနိုင်ယူ

close

September 11, 2022

ရုရှားစစ်တပ်အား အနိုင်ယူနိုင်ကြောင်း ပြသခဲ့ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော

နောက်ဆုံးအကြိမ် တန်ပြန်ထိုးစစ်အပြီး ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှုကို ရည်ညွှန်းရင်း ရုရှားစစ်တပ်အား အနိုင်ယူနိုင်ကြောင်း ပြသခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ကူလေဘာ က စက်တင်ဘာ ၁၀ ရက်က ပြောလိုက်ပါတယ်။ 

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘော့ နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကူလေဘာက နိုင်ငံခြားကနေ လက်နက်တွေ ပိုရလာလို့ ယူကရိန်းစစ်ပွဲကို မြန်မြန် အဆုံးသတ် နိုင်မယ်လို့ ပြောခဲ့ပါတယ်။ 

“ရုရှားစစ်တပ်ကို အနိုင်ယူ နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကျနော်တို့ လက်နက်တွေ ပိုရလေ၊ မြန်မြန်အနိုင်ရလေ၊ ဒီစစ်ပွဲက ပိုမြန်လေလေပါပဲ" လို့ ကူလေဘာက ပြောပါတယ‌်။ 

အခုလအစောပိုင်းက ရုရှားကို တန်ပြန်ထိုးစစ် စတင်ပြီးကတည်းက ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့တွေဟာ နယ်မြေ (၇၀၀ စတုရန်းမိုင်) ဝန်းကျင်ကို ရုရှားလက်ကနေ လွတ်မြောက်အောင် လုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောပါတယ်။ 

9 hours Ago

October 23, 2020

အောင်လအန်ဆန်းကို လည်ပင်းဖမ်းချုပ်ပြီး အနိုင်ယူမည်ဟု ဒီရိုက်ဒါ စိန်ခေါ်

အောင်လအန်ဆန်;ကို ကြမ်းပြင်ပေါ်လှဲပြီး ချုပ်သိုင်းကွက်နဲ့ အနိုင်ယူသွားမယ်လို့ ဟော်လန်ဖိုက်တာ ဒီရိုက်ဒါက စိန် ခေါ် စကားဆိုလိုက်ပါတယ်။  လိုက်ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းဟာ  မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွေးခါးပတ်ကာကွယ်ပွဲအနေနဲ့ ဟော်လန်က ဒီရိုက်ဒါနဲ့ အောက်တိုဘာ ၃၀ ရက်နေ့  စင်ကာပူနိုင်ငံမှာ ထိုးသတ်မှာပါ။  အဲဒီပွဲမှာ အောင်လအန်ဆန်းကို ကြမ်းပြင်ပေါ်လှဲချ လည်ပင်းကိုညှစ်ပြီး အနိုင်ရအောင် ကြိုးစားမယ်လို့ ဒီရိုက်ဒါကပြောပါတယ်။  အောင်လက အလွန်ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လို့ အလဲထိုးဖို့ မဖြစ်နိုင်သလောက်နီးပါး ဖြစ်ပေမယ့်လည်း လူတိုင်းမှာ လည်ပင်းရှိတာကြောင့် လည်ပင်းညှစ်ပြီး အနိုင်ယူမယ်လို့ ဒီရိုက်ဒါက ပြောပါတယ်။  ဒီရိုက်ဒါအနေနဲ့ အောင်လအန်ဆန်း ရဲ့ အားသာချက်တွေကိုလည်း ထုတ်ဖော်ပြောသွားခဲ့ပြီး ညာလက်သီးနဲ့ ညာကန်ချက်တွေ ကောင်းမွန်ပြီး ဒက်ချ်လူမျိုး ကစ်ဘောင်ဆင်သမားတွေလို ထိုးသတ်ပေါက်ရှိသူဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။  ဒါ့အပြင် နပန်းသတ် စွမ်းရည်လည်းရှိပြီး  ကြမ်းပြင်ပေါ်မှာလည်း ကောင်းမွန်ကြောင်း အောင်လအန်ဆန်းကို ဒီရိုက်ဒါက ချီးကျူးခဲ့ပါတယ်။  အောင်လအန်ဆန်းကတော့ ဒီရိုက်ဒါက Ground Fight မှာ ကောင်းမွန်ပြီး  Stand Fight နဲ့ အနိုင်ယူဖို့ ပြင်ဆင်ထားတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။  အသက် ၃၀ ရှိပြီး အရပ် ၆ပေ ၄လက်မရှိတဲ့ ဒီရိုက်ဒါဟာ ဂျူဒိုနဲ့ ဘရာဇီး ဂျူဂျစ်ဆုမှာ ကျွမ်းကျင်ပြီး  MMA ၁၂ ပွဲမှာ ပွဲတိုင်းအနိုင်ရထားတဲ့ ရှုံးပွဲမရှိ ကစာသမားဖြစ်ပါတယ်။
2 years Ago
Up