ရုရှားစစ်တပ်အား အနိုင်ယူနိုင်ကြောင်း ပြသခဲ့ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော

နောက်ဆုံးအကြိမ် တန်ပြန်ထိုးစစ်အပြီး ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှုကို ရည်ညွှန်းရင်း ရုရှားစစ်တပ်အား အနိုင်ယူနိုင်ကြောင်း ပြသခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ကူလေဘာ က စက်တင်ဘာ ၁၀ ရက်က ပြောလိုက်ပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘော့ နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကူလေဘာက နိုင်ငံခြားကနေ လက်နက်တွေ ပိုရလာလို့ ယူကရိန်းစစ်ပွဲကို မြန်မြန် အဆုံးသတ် နိုင်မယ်လို့ ပြောခဲ့ပါတယ်။
“ရုရှားစစ်တပ်ကို အနိုင်ယူ နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကျနော်တို့ လက်နက်တွေ ပိုရလေ၊ မြန်မြန်အနိုင်ရလေ၊ ဒီစစ်ပွဲက ပိုမြန်လေလေပါပဲ" လို့ ကူလေဘာက ပြောပါတယ်။
အခုလအစောပိုင်းက ရုရှားကို တန်ပြန်ထိုးစစ် စတင်ပြီးကတည်းက ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့တွေဟာ နယ်မြေ (၇၀၀ စတုရန်းမိုင်) ဝန်းကျင်ကို ရုရှားလက်ကနေ လွတ်မြောက်အောင် လုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောပါတယ်။