close

အနီကတ်ပြစ်ဒဏ်

close

October 2, 2022

အနီကတ်ပြစ်ဒဏ်က ပွဲကိုအဆုံးသတ်စေခဲ့ဟု စပါးနည်းပြကွန်တီပြော

အာဆင်နယ်နဲ့ ဒါဘီပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်က ပွဲကို အဆုံးသတ်စေခဲ့ကြောင်း စပါးနည်းပြကွန်တီက ပြောသွားပါတယ်။

အာဆင်နယ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲချိန် ၆၂ မိနစ်မှာ စပါးနောက်ခံလူ အီမာဆန်က မာတင်နယ်လီကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြပြီး အထုတ်ခံခဲ့ရ တာပါ။

အဲဒီအနီကတ်ပြစ်ဒဏ်က ပွဲကိုအဆုံးသတ်စေခဲ့ပြီး ကစားသမားတွေအနေနဲ့လည်း အမှားအယွင်းတွေ များခဲ့တယ်လို့ နည်းပြကွန်တီကပြောပါတယ်။ 

“နောက်ဆုံးပေးပို့မှုတွေတင်မဟုတ်ဘဲ လွယ်ကူတဲ့ပေးပို့မှုတွေမှာတောင် အမှားတွေလုပ်ခဲ့တယ်။ အာဆင်နယ်ရဲ့ ဒုတိယဂိုးမှာဆိုရင်လည်း ကျနော်တို့ ပိုကောင်းတဲ့ကာကွယ်မှုမျိုးဖြစ်သင့်တယ်။ အနီကတ်ကတော့ပွဲကိုအဆုံးသတ်သွားစေတယ်။ ဒါကကျနော်တို့အတွက်ခက်ခဲပါတယ်”လို့ ကွန်တီကပြောပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပြင်ဆင်ချိန်သိပ်မရခဲ့တာကလည်း အခက်အခဲရှိကြောင်း၊ လာမယ့် ပွဲစဉ်တွေမှာ အမှတ်ပေးဇယားထိပ်နားကအသင်းတွေကို လိုက်မီဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်း အာဆင်နယ်နဲ့ပွဲအပြီးမှာ နည်းပြကွန်တီကပြောသွားပါတယ်။ 

3 hours Ago

July 9, 2020

တိုက်စစ်မှူးအမ်ကတ်တီယာ၏ အနီကတ်ပြစ်ဒဏ်ကို အာဆင်နယ်အသင်း အယူခံဝင်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အမ်ကတ်တီယာရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အက်ဖ်အေကို အယူခံဝင်ထားတယ်လို့ သိရပါတယ်။  လူငယ်တိုက်စစ်မှူး အမ်ကတ်တီယာဟာ လက်စတာအသင်းနဲ့ ၁ ဂိုး စီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားအပြီး ၄ မိနစ်အကြာမှာ လက်စတာနောက်ခံလူ ဂျက်စ်တင်ကို ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။  အဲဒီအနီကတ်ကြောင့် အနီးစပ်ဆုံး ၃ ပွဲ ပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့် အာ ဆင်နယ်အသင်းက အယူခံဝင်ထားတာပါ။  အမ်ကတ်တီယာအနေနဲ့ ဂျက်စတင်နဲ့ ဘောလုံးယှဉ်လုရင်း ရည်ရွယ်မရှိဘဲ ကန်မိခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတဦးလည်းဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုအပေါ်မှာ နား လည်မှုရှိကြောင်း နည်းပြအာတီတာကပြောပါတယ်။  အာဆင်နယ်အသင်းဟာ ဇူလိုင် ၁၂ ရက်နေ့ စပါးနဲ့ ကစားရ မှာဖြစ်ပြီး အဲဒီနောက် လီဗာပူး၊ အက်ဖ်အေဖလားမှာလည်း မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ 
2 years Ago
Up