close

အန်စလော့တီ

close

March 27, 2023

အန်စလော့တီကို ခေါ်ယူခန့်အပ်ရန် ဘရာဇီးကစားသမားများနှင့် ပရိသတ်ဆန္ဒရှိ

ဘရာဇီးကစားသမားတွေနဲ့ ပရိသတ်တွေဟာ နည်းပြအန်စလော့တီကို ဘရာဇီးနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ဖို့ ဆန္ဒရှိနေကြပါတယ်။

အဲဒီသတင်းကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်စ် ကိုယ်တိုက် အတည်ပြုခဲ့တာဖြစ်ပြီး ဘရာဇီးနည်းပြရာထူးအတွက် အန်စလော့တီက လူကြိုက်အများဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။

အန်စလော့တီဟာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်ပြီး အောင်မြင်မှုတွေလည်း အများကြီ; ရယူနိုင်ခဲ့သူဖြစ်ကြောင်း၊ ဘရာဇီးကစားသမားတွေနဲ့လည်း အဆင်ပြေတဲ့အပြင် ဘရာဇီးနိုင်ငံရဲ့ ဘယ်နေရာကိုသွားသွား ပရိသတ်တိုင်းက အလိုရှိတဲ့နည်းပြဖြစ်ကြောင်း ဥက္ကဋ္ဌရိုဒရီဂွက်စ်က ပြောပါတယ်။

ဘရာဇီးအသင်းကို ယာယီနည်းပြ ရာမွန်မက်နက်စ်က တာဝန်ယူနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မော်ရိုကိုနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဘရာဇီး အက်ဖ်အေဟာ အခုနုစ်ရာသီပြီးဆုံးချိန်မှာ အန်စလော့တီနဲ့ အသေးစိတ်ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

36 mins Ago

March 23, 2023

အန်စလော့တီဟာ ဘရာဇီးနည်းပြဖြစ်လာနိုင်ဟု ဂိုးသမားအီဒါဆန် ခန့်မှန်း

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်စလော့တီဟာ ဘရာဇီးအသင်းနည်းပြဖြစ်လာနိုင်တယ်လို့ ဂိုးသမား အီဒါဆန်ကပြောပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြတက်တေကို ထုတ်ပယ်ခဲ့ပြီး လက်ရှိအသင်းကို  ရာမွန်မန်နက်ဇက် ကယာယီနည်းပြအနေနဲ့ တာဝန်ယူနေတာပါ။

ဘရာဇီးဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဟာ လက်ရွေးစင်နည်းပြသစ်ကို နိုင်ငံခြားသားနည်းပြတွေ အထဲကနေ ခန့်အပ်ဖို့လည်း ဆုံးဖြတ်ထားပြီး အန်စလော့တီ၊ မော်ရင်ညို တို့ကို လျာထားပါတယ်။

ဘရာဇီးဂိုးသမား အီဒါဆန်ကတော့ အန်စလော့တီ ဘရာဇီးနည်းပြဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ရီးရဲလ်ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ဖူးကြောင်း၊ အန်စလော့တီဟာ ထူးချွန်တဲ့နည်းပြဖြစ်ပြီး ဘရာဇီးနည်းပြ ဖြစ်လာဖို့ အခွင့်အလမ်းအများကြီး ရှိနေကြောင်း ပြောပါတယ်။

ဘရာဇီးအသင်းဟာ ဒီတစ်ပတ် နိုင်ငံတကာခြေစမ်း ပွဲစဉ်တွေ ရက်သတ္တပတ်မှာ မော်ရိုကိုအသင်းနဲ့ ခြေစမ်းသွားမှာဖြစ်ပါတယ်။

4 days Ago
Up