အန်စလော့တီကို ခေါ်ယူခန့်အပ်ရန် ဘရာဇီးကစားသမားများနှင့် ပရိသတ်ဆန္ဒရှိ

ဘရာဇီးကစားသမားတွေနဲ့ ပရိသတ်တွေဟာ နည်းပြအန်စလော့တီကို ဘရာဇီးနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ဖို့ ဆန္ဒရှိနေကြပါတယ်။
အဲဒီသတင်းကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်စ် ကိုယ်တိုက် အတည်ပြုခဲ့တာဖြစ်ပြီး ဘရာဇီးနည်းပြရာထူးအတွက် အန်စလော့တီက လူကြိုက်အများဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။
အန်စလော့တီဟာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်ပြီး အောင်မြင်မှုတွေလည်း အများကြီ; ရယူနိုင်ခဲ့သူဖြစ်ကြောင်း၊ ဘရာဇီးကစားသမားတွေနဲ့လည်း အဆင်ပြေတဲ့အပြင် ဘရာဇီးနိုင်ငံရဲ့ ဘယ်နေရာကိုသွားသွား ပရိသတ်တိုင်းက အလိုရှိတဲ့နည်းပြဖြစ်ကြောင်း ဥက္ကဋ္ဌရိုဒရီဂွက်စ်က ပြောပါတယ်။
ဘရာဇီးအသင်းကို ယာယီနည်းပြ ရာမွန်မက်နက်စ်က တာဝန်ယူနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မော်ရိုကိုနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဘရာဇီး အက်ဖ်အေဟာ အခုနုစ်ရာသီပြီးဆုံးချိန်မှာ အန်စလော့တီနဲ့ အသေးစိတ်ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။