close

အပစ်အခတ်ရပ်စဲရေး

close

May 12, 2023

ဆူဒန်အပစ်အခတ်ရပ်စဲရေး အလှမ်းဝေးနေဆဲဟု အမေရိကန်ပြော

ဆူဒန်နိုင်ငံမှာ စစ်တိုက်နေကြတဲ့ အဖွဲ့တွေဟာ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးကို မေ ၁၂ ရက် အစောပိုင်းက ကတိကဝတ် ပြုထားခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဘဲ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆော်ဒီဆိပ်ကမ်း ဂျဒ်ဒါမှာ တပတ်ကြာ ဆွေးနွေးပြီးနောက် ဆူဒန်စစ်တပ်နဲ့ သူ့ပြိုင်ဘက် အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ဟာ ရေတို အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သူတို့ကဆိုပါတယ်။

ဆူဒန်စစ်တပ်နဲ့ RSF တို့က စာရွက်စာတမ်းကို လက်မှတ်ရေးထိုးနေကြပုံကို ဆော်ဒီနိုင်ငံပိုင်ရုပ်သံတီဗီ အယ်လ်-အခ်ဘာရီယားက မေ ၁၁ ရက် နှောင်းပိုင်းမှာ ပြသခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဖြစ်နေတဲ့ အဖွဲ့တွေဟာ ၁၀ ရက်လောက်အထိ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရဖို့ အာရုံစိုက်ကြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဆော်ဒီနဲ့ အမေရိကန် ကြားဝင်ဖျန်ဖြေသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို အကာအကွယ်ပေးရေးအတွက် သီးခြားလုံခြုံရေး အစီအမံတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

အဲဒီအစီအမံတွေမှာ အမေရိကန်-ဆော်ဒီနဲ့ နိုင်ငံတကာက ပံ့ပိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ယန္တရားတို့ ပါဝင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေးကနေ ရန်လိုမှုများ ထာဝရရပ်စဲရေးအထိ လုပ်ဆောင်ရမယ့် ရှည်လျားတဲ့ လုပ်ငန်းစဉ် ဖြစ်မယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။

နောက်ပိုင်းမှာ အရပ်သားအဖွဲ့တွေလည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့ပါတယ်။

12 mins Ago

May 5, 2023

RSF တပ်ဖွဲ့ လက်နက်အရင်ချပါက အပစ်ရပ်မည်ဟု ဆူဒန်စစ်တပ်ပြော

ဆူဒန်စစ်တပ်ဟာ သူနဲ့တိုက်ခိုက်နေတဲ့ အရန်တပ်ဖွဲ့ (RSF) က လက်နက်အရင်ချတယ်ဆိုရင် တိုက်ပွဲတွေ ချက်ချင်းရပ်လိုက်ဖို့ ပြင်ဆင်နေကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီးက မေလ ၄ ရက် အက်ဒစ်စ်အဘာဘာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မနေ့က ဆူဒန်စစ်တပ်ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်းမှာပဲ ခါတွန်မြို့လယ်ခေါင်အနီးရှိ RSF အရန်တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အရန်တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆီ ပထမခြေလှမ်းကို လှမ်းခြင်းအပေါ် မူတည်ကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာ အယ်လာအလ်ဟေ့ဂ်က ပြောပါတယ်။

ဒီတိုက်ပွဲကို ဆူဒန်အစိုးရက စတင်ခဲ့တာမဟုတ်ဘဲ တဖက်အဖွဲ့က ပုန်ကန်လို့ လက်နက်ကိုင် တိုက်ပွဲတွေကို ဆင်နွှဲနေတုန်းပဲလို့လည်း ဆိုပါတယ်။

သူတို့က အလျှော့အတင်းလုပ်ဖို့ ဒါမှမဟုတ် စွန့်လွှတ်ဖို့ သဘောတူညီမှုကို မပြခဲ့ကြောင်းနဲ့ လက်နက်ချဖို့ အဆင်သင့်ဖြစ်တဲ့သူကို ခွင့်လွှတ်ပေးဖို့ အခွင့်အရေးရှိသေးတယ် ဆိုတာကို တကြိမ်မက ကြေညာထားကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာအယ်လာအလ်ဟေ့ဂ်ဟာ အဒစ်စ် အဘာဘာမှာ အီသီယိုးပီးယားဝန်ကြီးချုပ်နဲ့ အာဖရိကသမဂ္ဂ ဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ကြောင်းနဲ့ မကြာခင်မှာပဲ ဆူဒန်အစိုးရဟာ ဒီပုန်ကန်မှုကို ရပ်တန့်သွားအောင် လုပ်ဆောင်သွားမယ်လို့ သူတို့ကို အာမခံခဲ့ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ကြေညာချက် အများအပြား ထွက်ခဲ့ပေမဲ့ နှစ်ဖက်အဆိုပြုထားတဲ့ ဆွေးနွေးပွဲမတိုင်ခင် မြို့တော် ခါတွန်မှာ နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲဝင်နေပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နှစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးကြဖို့ လူထုဆန္ဒ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

1 week Ago
Up