အီတလီနိုင်ငံက အားလပ်ရက်အပန်းဖြေကျွန်းဖြစ်တဲ့ အစ်စ်ချီယာကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် အဆောက်အအုံတချို့ လဲပြိုကျသွားပြီးနောက် လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုဝင်ဘာ ၂၆ ရက် Ansa သတင်းမှာ ဖော်ပြပါတယ်။
အီတလီ မီးသတ်တပ်ဖွဲ့က မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး Casamicciola မြို့မှာ "ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေပြီ" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ပင်လယ်ထဲ မျောပါသွားတဲ့ ကားတစီးမှာ လိုက်ပါလာသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို မာသာစ်-ဗိုင်းန်ယာ့ဒ် (မာသာရဲ့စပျစ်ခြံ)ကို လေယာဉ်နဲ့ ပို့ဆောင်ခြင်းကို နိုင်ငံရေးစတန့်ထွင်ခြင်း တခုအဖြစ် ရှုတ်ချ ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရင်းန်-ယင်းန်-ဖျယ်ရယ်က စက်တင်ဘာ ၁၆ ရက်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလမှာ ပြန်လည်ရွေးကောက်ပွဲဝင်မယ့် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ဟာ တက္ကဆက်ပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူတွေကို ချမ်းသာသူတွေနေထိုင်တဲ့ အပန်းဖြေကျွန်းဖြစ်တဲ့ Martha's Vineyard ကို စင်းလုံးငှား လေယာဉ်နဲ့ ပို့ဆောင်မှုအတွက် ဂုဏ်ယူနေပါတယ်။
မတူညီတဲ့ ပြည်နယ်တခုက ရွှေ့ပြောင်းနေထိုင်သူတွေကို စုစည်းဖို့ ဖလော်ရီဒါ အစိုးရအတွက် တရားဝင် အခြေခံအချက်တွေ မရှင်းလင်းသေးပါဘူး။
ဒေးတိုနာ ကမ်းခြေမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး Ron DeSantis က အမေရိကန်-မက္ကဆီကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို တားဆီးဖို့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်က ပျက်ကွက်ခဲ့ကြောင်း အပြစ်တင်ခဲ့ပြီး ဒီဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးခံရသူ ၁ ဒသမ ၈ သန်း စံချိန်တင်ရှိခဲ့ကြောင်း သူ့လုပ်ဆောင်ချက်ကို ကာကွယ်ပြောဆိုထားပါတယ်။
ဖလော်ရီဒါ ဥပဒေပြုလွှတ်တော်က ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နယ်ပြင်ပကို ပို့ဆောင်ဖို့အတွက် ဒေါ်လာ ၁၂ သန်း ဖယ်ထားပြီး သူ့အစိုးရဟာ ဖလော်ရီဒါကို ကာကွယ်ဖို့ ရန်ပုံငွေတွေကို အသုံးပြုဖွယ်ရှိကြောင်း DeSantis က ပြောကြားခဲ့ပါတယ်။
သတင်းပြန်ကြားရေးအရာရှိ ယင်းန်-ဖျယ်ရယ်ကတော့ အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံရေးပြဇာတ် ဖန်တီးနေတာလို့ စွပ်စွဲခဲ့ပါတယ်။
အမေရိကန်အစိုးရရှေ့နေတွေကတော့ တောင်ဘက်က ရွှေ့ပြောင်းနေထိုင်သူတွေကို မြောက်ဘက် ကို ရွှေ့ပြောင်းဖို့ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ တရားစီရင်မှုတွေကို ရှာဖွေနေကြောင်း ဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိတဦးက ရိုက်တာကို ပြောကြားပါတယ်။