အီတလီရှိ အပန်းဖြေကျွန်းတွင် မြေပြိုသဖြင့် လူ ၅ ဦး ပျောက်ဆုံး

အီတလီနိုင်ငံက အားလပ်ရက်အပန်းဖြေကျွန်းဖြစ်တဲ့ အစ်စ်ချီယာကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် အဆောက်အအုံတချို့ လဲပြိုကျသွားပြီးနောက် လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုဝင်ဘာ ၂၆ ရက် Ansa သတင်းမှာ ဖော်ပြပါတယ်။
အီတလီ မီးသတ်တပ်ဖွဲ့က မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး Casamicciola မြို့မှာ "ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေပြီ" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ပင်လယ်ထဲ မျောပါသွားတဲ့ ကားတစီးမှာ လိုက်ပါလာသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။