close

အပူချိန်

close

May 11, 2023

အပူချိန်နိမ့်သည့်နေရာတွင် ပလတ်စတစ်ကို ချေဖျက်ပေးနိုင်သည့် ဘက်တီးရီးယား ရှာဖွေတွေ့ရှိ

အပူချိန်နိမ့်တဲ့နေရာမှာ ပလတ်စတစ်ကို ချေဖျက်ပေးနိုင်တဲ့ အဏုဇီဝ ဘက်တီးရီးယားပိုးတမျိုးကို အဲလ်ပ်စ်နဲ့ အာတိတ်ဒေသမှာရှိတဲ့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး Recycle ပြန်လည်အသုံးပြုတဲ့နေရာ အဖိုးတန်ကိရိယာတခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Swiss Federal Institute WSL မှ သိပ္ပံပညာရှင်တွေက ဒီဘက်တီးရီးယားပိုးဟာ   ၁၅ ဒီဂရီ စင်တီဂရိတ်မှာ လုပ်ဆောင်နိုင်ပြီး ပြန်လည်အသုံးပြုတဲ့အခါ အောင်မြင်စေတဲ့အကြောင်း တွေ့ရှိချက်ကို Frontier in Microbiology ဂျာနယ်မှာ ထုတ်ဝေထားပါတယ်။

WSL မှ ဒေါက်တာ ဂျိုးလ် ရူသီနဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ ဂရင်းလန်း၊ ဆယ်ဘက်နဲ့ ဆွစ်ဇာလန်တို့က မြေကြီးထဲမှာ ပလတ်စတစ်တွေကို ၁ နှစ်ကြာအောင် ရယ်ရွယ်ချက်ရှိရှိ မြှုပ်နှံထားပြီး ၁၅ ဒီဂရီစင်တီဂရိတ်မှာ ဘက်တီးရီးယားတွေဟာ ပလတ်စတစ်တွေကို ချေဖျက်နိုင်စွမ်းရှိမရှိ စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ထားတဲ့ ပလတ်စတစ်တွေမှာ Polyethylene (PE)၊ Polyester polyurethane (PUR)၊ Polybutylene Adipate Terephthalate(PBAT) နဲ့ Polylactic acid(PLA) တို့ ပါဝင်ပါတယ်။

ဒီပလတ်စတစ်ထဲမှာ ၁၂၆ ရက်ကြာတဲ့အထိ PE တွေကိုတော့ ဒီဘက်တီးရီးယားတွေက ချေဖျက်နိုင်ခြင်းမရှိဘဲ PUR ကိုတော့ မှို ၁၁ မျိုးနဲ့ ဘက်တီရီးယား ၈ မျိုးက ၅၆ ရာခိုင်နှုန်းအထိ ချေဖျက်နိုင်ခဲ့ပြီး PBAT နဲ့ PLA ပလတ်စတစ်ကိုတော့ မှို ၁၄ မျိုးနဲ့ ဘက်တီးရီးယား ၃ မျိုးက ချေဖျက်နိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ PE ကလွဲပြီး စမ်းသပ်ထားတဲ့ ပလတ်စတစ်အားလုံးကို ချေဖျက်နိုင်တဲ့ မျိုးစိတ်တွေကတော့ နီယိုဒိုင်ဗာစီရာနဲ့ လာချယ်လူနာတို့ဟာ အကောင်းဆုံး မှိုမျိုးစိတ် ၂ ခု ဖြစ်‌ေကြာင်း တွေ့ရှိခဲ့ပါတယ်။

ပလတ်စတစ်တွေကို ၁၉၅၀ ခုနှစ်တည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး ပလတ်စတစ် ညစ်ညမ်းမှုဟာ သဘာဝဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်တွေရဲ့ စွမ်းဆောင်နိုင်မှုကို လျော့ကျစေကာ သန်းပေါင်းများစွာသောလူတွေရဲ့ အသက်မွေးဝမ်းကျောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု စွမ်းရည်နဲ့ လူမှုဖူလုံရေးတို့ကို ထိခိုက်စေပါတယ်။

Source - The Guardian

34 seconds Ago

April 27, 2023

စပိန်နိုင်ငံတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်

စပိန်နိုင်ငံမှာ ဧပြီလအတွက် စံချိန်ချိုးမယ့် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တဲ့ အပူချိန်က တပတ်ကြာ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

အာဏာပိုင်တွေက အများသုံး ရေကူးကန်တွေ စောစောဖွင့်ပြီး ကျောင်းအချိန်ဇယားတွေ ပြောင်းဖို့  စီစဉ်နေတာပါ။

ကာလရှည်ကြာ မိုးခေါင်မှုနဲ့အတူ အာဖရိကတိုက်မှာ လေငြိမ်နေပြီး နေရောင်ခြည် ပြင်းထန်နေလို့ အပူချိန် အလွန်ပူပြင်းပြီး ခြောက်သွေ့နေတယ်လို့ စပိန် မိုးလေဝသအေဂျင်စီ AEMET က ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။

ကော်ဒိုဘာမြို့ အပါအဝင် တောင်ပိုင်း ဂွါဒယ်ကေဗီးလ်ချိုင့်ဝှမ်းမှာ အပူချိန် ၃၈-၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်လို့ ဒီအပူချိန်ဟာ နွေရာသီမှာ ပုံမှန်လို့ AEMET က ထပ်လောင်း ပြောကြားပါတယ်။

စပိန်မိုးလေဝသဌာနက တရားဝင်ဒေတာထိန်းသိမ်းမှု စတင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်နောက်ပိုင်း ဧပြီလအတွက် အမြင့်ဆုံးကိန်းဂဏန်း ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

အပူရှိန်ကြောင့် နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဟာ တောမီးအန္တရာယ် မြင့်မားနေတယ်၊ ဒါမှမဟုတ် အလွန်အမင်း အန္တရာယ်ရှိနိုင်တယ်လို့ AEMET က ပြောခဲ့ပါတယ်။

အေဂျင်စီက အကြီးတန်း မိုးလေဝသပညာရှင် ရိကာဒို တော်ရိဂျို က ရာသီဥတုဟာ အာဖရိက ကနေ အီဘေရီယံကျွန်းဆွယ်အထိ အပူလှိုင်းဖြတ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စပိန်နိုင်ငံရဲ့ အပူဆုံးဒေသဖြစ်တဲ့ အနောက်တောင်ပိုင်းရှိ ဆယ်ဗီးယာမှာ ပြီးခဲ့တဲ့နှစ် နွေဦးပွဲတော်မှာ အပူဓာတ်ပင်ပန်းနွမ်းနယ်မှုကြောင့် ကျန်းမာရေးဝန်ထမ်း အရေအတွက် ပိုတိုးခန့်ထားခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုဘတ်ဂျက်ကို မြှင့်တင်ခဲ့ရပါတယ်။

မနှစ်က ပွဲတော်လာ ပရိသတ် ခန့်မှန်းခြေ အယောက် ၅ သိန်းထိ ဆွဲဆောင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

2 weeks Ago
Up