ပီရူးနိုင်ငံ နက်ဇ်ကာသဲကန္တရကို ပျံသန်းခဲ့တဲ့ အပေါ့စားလေယာဉ်တစင်း ဖေဖော်ဝါရီ ၅ ရက် စနေ့နေ့မနက်မှာ ပျက်ကျပြီး လေယာဉ်မောင်း ၂ ယောက်နဲ့အတူ ရှုခင်းကြည့် ခရီးသည် ၅ ယောက် သေဆုံးခဲ့ပါတယ်။
လေယာဉ်က နက်ဇ်ကာမြို့အနီး လေယာဉ်ကွင်းကို ဆင်းသက်နေစဉ်မှာ ပျက်ကျသွားပြီး အသက်ရှင်သူမရှိလို့ မီးသတ်သမားတွေက ပြောပါတယ်။
လေယာဉ်ကို ခရီးသွားလုပ်ငန်းကုမ္ပဏီ Aero Santos က ပိုင်ဆိုင်တာပါ။ နက်ဇ်ကာ ကမ်းရိုးတန်းသဲကန္တရရဲ့ နှစ်ပေါင်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားရှိ သစ်ပင်တွေ၊ တောတိရိစ္ဆာန်တွေက ခရီးသွားတွေကို စွဲဆောင်ထားပါတယ်။
ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ အပေါ့စားလေယာဉ်တစီး ဒီဇင်ဘာ ၁၉ ရက်က ပျက်ကျခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် လေယာဉ်ပေါ်ပါသူ ၄ ဦးစလုံး သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ် လေယာဉ်မှူးက ခရီးသည် ၃ ယောက်နဲ့အတူ အပျော်စီး ခရီးထွက်ခဲ့တာလို့ ရဲက ပြောပါတယ်။
လေယာဉ်ဟာ ပျံတက်အပြီး မကြာခင် ဘရစ္စဘိန်းမြို့ အရှေ့မြောက်ဘက် ရဒ်ကလစ်ဖ်အရပ်က မိုးတန် ပင်လယ်အော်အတွင်း ဒီရေတောအနားကို ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည်တွေ ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ရဲက စစ်ဆေးနေပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းသိရဖို့ သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်ထိ ကြာမယ်လို့ ဩစတြေးလျ သယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့ ကော်မရှင်နာမင်းကြီး ဩဂတ်စ်မစ်ချဲက ပြောပါတယ်။