close

အပြန်အလှန်တိုက်ခိုက်

close

February 20, 2023

ယူကရိန်းနှင့် ရုရှား စစ်ရေးပစ်မှတ်များကို အပြန်အလှန်တိုက်ခိုက်

ယူကရိန်းနိုင်ငံပိုင် လက်နက်ခဲယမ်း သိုလှောင်ရုံတွေ အပါအဝင် နေရာအများအပြားက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ဖေဖော်ဝါရီ  ၁၈ ရက်မှာ ပြောပါတယ်။

ယူကရိန်းဘက်ကလည်း ရုရှားစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တုံ့ပြန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောလာပါတယ်။

ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ကူပြန့်ခ်စ်၊ ကရာစနီ၊ လိုင်းမန်းနဲ့ ဒွန်းနက်စ်စတဲ့ မြို့တွေ တလျှောက်မှာရှိတဲ့ ယူကရိန်းလက်နက်ခဲယမ်းဂိုဒေါင်တွေ၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေနဲ့ လက်နက်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည့်အလင်း ပြောကြားပါတယ်။

ဗော်နိုဗက်ခ်ခါ မြို့ငယ်အနောက်ဘက်ရှိ ဗျူဟာအရအရေးပါတဲ့ အာဂလီဒါမြို့က ယူကရိန်း စစ်တပ် တစ်ခုဖြစ်တဲ့ စက်မှုတပ်မဟာ (၇၂) မှာရှိတဲ့ လက်နက်ခဲယမ်း ဂိုဒေါင်ကို ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

တစ်ချိန်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေဟာ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားခဲ့သလို လူဟန့်စ်ခ်မြို့နဲ့ တခြားဒေသတွေက ဒရုန်းတွေကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခါခိဗ်ဒေသမှာရှိတဲ့ စစ်အခြေစိုက်စခန်း တစ်ခုကိုပါ ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

အဲဒီတစ်ရက်တည်းမှာတင်  ယူကရိန်းတပ်ဖွဲ့တွေဘက်ကလည်း ရုရှား စစ်မှုထမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုဆောင်းထားရာ ဧရိယာတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်မှု အများ အပြား လုပ်ဆောင်ခဲ့တာပါ။

ရုရှားစစ်တပ်ဟာ ကူပရန့်စ်၊ ဘက်ခ်မတ်နဲ့  အက်ဗ်ဒီကာ မြို့လမ်းကြောင်း တစ်လျှောက်နေရာ တွေမှာ နောက်ထပ်ကျူးကျော်တိုက်ခိုက်ဖို့ အဓိကတပ်ဖွဲ့တွေကို စုစည်းထားတယ်လို့လည်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက ဖေဖော်ဝါရီ ၁၈ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။

1 hour Ago

February 18, 2023

ရုရှားနှင့်ယူကရိန်းတပ်ဖွဲ့များ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအဆောက်အအုံ အများအပြားကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့ပြီး ယူကရိန်းကလည်း အရင်ရက်က စစ်တပ် အခြေချထားတဲ့ နေရာ ၁၆ ခုအနီးမှာ ရုရှားဘက်က တိုက်ခိုက်လာမှုတွေကို တန်ပြန်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောလာပါတယ်။ 

ဖေဖော်ဝါရီ ၁၆ ရက်က တိကျမှုမြင့်မားတဲ့လက်နက်တွေ၊ တာဝေးပစ်ဒုံးကျည်တွေနဲ့အတူ ရုရှားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ယူကရိန်းစစ်တပ်အပေါ် လောင်စာနဲ့လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းတွေကို လေကြောင်းကရော၊ ရေကြောင်းကပါ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က ဖေဖော်ဝါရီ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကူပရန့်စ်၊ ကရာစနီ၊ လိုင်းမန်း၊ ဒွန်နက်ခ် နဲ့ ဇာပိုရိုဇကီး ဒေသတွေမှာ ရုရှားစစ်တပ်က ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ သံချပ်ကာ ကားတွေအပါအဝင် စစ်ရေးပစ္စည်းတွေနဲ့ စစ်အင်အားကိုပါ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက Mi-8 ရဟတ်ယာဉ်နဲ့အတူ မောင်းသူမဲ့ လေယာဉ် ၉ စင်း အပါအဝင် ယူကရိန်းစစ်တပ်က HIMARS ဒုံးပျံ လောင်ချာကတဆင့် ပစ်လွှတ် လိုက်တဲ့ ဒုံးကျည် ၃စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်ဆိုပြီး ကိုနာရှန်ကော့ဗ်က ဖြည့်စွက်ပြောပါတယ်။ 

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူကတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒွန်နက်ခ် နဲ့ လူဂန့်စ် ဒေသမှာ ရုရှားဘက်က ကျူးကျော် တိုက်ခိုက်လာမှုတွေကို ယူကရိန်းတပ်ဖွဲ့ တွေအနေနဲ့ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းလေကြောင်းတပ်ဖွဲ့တွေဟာ ရုရှားလေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ရုရှားစစ်သည်တွေနဲ့ စစ်ရေးပစ္စည်းတွေတည်ရှိရာ ဧရိယာနယ်မြေတွေကို တိုက်ခိုက်ခဲ့ တယ်လို့လည်း သိရပါတယ်။

2 days Ago
Up