close

အပြောင်းအရွှေ့ကိစ္စ

close

April 10, 2022

မန်ယူနှင့် အပြောင်းအရွှေ့ကိစ္စမေးခွန်းအပေါ် ဖြေကြားရန် နည်းပြ တန်ဟတ်ချ် ငြင်းဆန်

မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စမေးမြန်းမှုအပေါ် နည်းပြတန်ဟတ်ချ်က ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။ 

ဧပြီ ၉ ရက်က ကစားခဲ့တဲ့ အိုင်းယက်စ်နဲ့ စပါတာရော့တာဒမ်ပွဲစဉ်အပြီးမှာ ESPN က နည်းပြ တန်ဟတ်ချက်ကို မန်ယူနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မေးမြန်းခဲ့ပါတယ်။ နည်းပြ တန်ဟတ်ချ်ကတော့ အိုင်းယက်စ်ပွဲစဉ်အကြောင်းပဲ ပြောချင်တယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ 

“ဒီပွဲအကြောင်းပဲ ပြောချင်တယ်။ ကောလာဟလတွေအတွက် တုံ့ပြန်ချက်ပေးမှာမဟုတ်ဘူး။ ပွဲအကြောင်း မမေးဘူးဆိုရင် အထဲဝင်သွားတော့ပါမယ်” လို့ သတင်းထောက်ကို နည်းပြ တန်ဟတ်ချ်က ပြန်လည်ဖြေကြားခဲ့တာပါ။ 

သတင်းတွေအရတော့ မန်ယူအသင်းဟာ နည်းပြတန်ဟတ်ချ်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီး အပြီးသတ်စာချုပ်ဖို့သာ ကျန်ရှိတော့တယ်လို့ ဖော်ပြခဲ့ကြတာပါ။ 

ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြသစ်ရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့လည်း သတင်းထွက်နေပြီး အခုနှစ်ရာသီအကုန်ခင်မှာပဲ တရားဝင်သတင်းထုတ်ပြန်ဖို့ရှိပါတယ်။

2 mins Ago

December 28, 2020

ဒီရာသီမကုန်မချင်း အပြောင်းအရွှေ့ကိစ္စ မဆွေးနွေးဟု မက်ဆီ ကတိပြု

ဒီရာသီမကုန်မချင်း အပြောင်းအရွှေ့ကိစ္စအတွက် တခြား ဘယ်အသင်းနဲ့မှ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ကတိပြုပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာကာအသင်းကနေ ထွက်ခွာဖို့ ကြိုးစားမှု မအောင်မမြင်ခဲ့သလို သူ့ရဲ့လက်ရှိစာချုပ်ဟာလည်း နောက်ဆုံးနှစ်ထဲကို ရောက်နေပြီ ဖြစ်တာကြောင့် မက်ဆီဟာ စပိန်မြေကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ဆက်တိုက် ပေါ်ထွက်နေပါတယ်။  မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့က မက်ဆီကို ခေါ်ယူဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ ဒါကြောင့် မက်ဆီအနေနဲ့ အသင်းပြောင်းဖို့အတွက်ဆိုရင် ဆွေးနွေးမှုတွေကို လာမယ့် နွေရာသီမှာ ပြုလုပ်နိုင်မှာဖြစ်ပြီး ကစားသမားကတော့ ဘာကာအသင်းအတွက် အပြည့်အဝ ဆက်လက်ပေးဆပ်နိုင်အောင်လို့ ဒီလိုမျိုးဆွေးနွေးမှုမျိုးကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။  “စာချုပ်သက်တမ်းရှိနေချိန်အတွင်း ဘာမှလုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ ရာသီကုန်တဲ့ အထိ စောင့်ဆိုင်းသွားမှာပါ။ အရေးကြီးဆုံးက အသင်းအတွက် စဉ်းစားဖို့ပါ။ အသင်းနဲ့အတူ ဒီရာသီကုန်ဆုံးပြီး ဆုဖလားတွေရရှိဖို့ ကြိုးပမ်းသွားမှာပါ။ တခြားအကြောင်းအရာတွေကြောင့် စိတ်ရှုပ်ခံမှာ မဟုတ်ပါဘူး။ ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့အတွက် လက်ရှိ အသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျနော် အသင်းက ထွက်ဖြစ်မလား၊ မထွက်ဖြစ်မလား ဆိုတာလည်း မသိရသေးပေမဲ့ ထွက်ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းနဲ့ပဲ ထွက်ခွာချင်ပါတယ်။ ကျနော် အမြဲပြောခဲ့သလိုပါပဲ။ တစ်နေ့မှာ ဘာကာအသင်းကို ပြန်လာချင်ပါတယ်။ ကျနော် အပါအဝင် ကစားသမားအားလုံးထက် အသင်းက ပိုအရေးကြီးပါတယ်” လို့ မက်ဆီက ပြောပါတယ်။ မက်ဆီဟာ မေဂျာလိဂ်ဘောလုံးလောကကို ပြောင်းရွှေ့ဖို့ကိစ္စဟာ သူ့ခေါင်းထဲမှာ ရှိနေတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြသခဲ့ပေမယ့် အမေရိကန်ကို ပြောင်းဖြစ်မလားဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။  မက်ဆီဟာ အက်သလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်တို့လို ဘာကာရဲ့ အဓိကပြိုင်ဘက်တွေဆီ ပြောင်းရွေ့နိုင်လားဆိုတဲ့ မေးခွန်းကို ပယ်ချခဲ့ပြီး နောင်တစ်ကြိမ်မှာလည်း ဒီအသင်းတွေဆီ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။  ဒါပေမဲ့ ဘာကာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ဂွါဒီယိုလာနဲ့ ပုံမှန် စကားပြောဖြစ်တယ်လို့ မက်ဆီက အတည်ပြုပေးခဲ့တာကြောင့် သူ့ရဲ့ ဒုတိယမြောက်အသင်းဟာ မန်စီးတီး ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ယူဆနိုင်ပါတယ်။
1 year Ago
Up