မန်ယူနှင့် အပြောင်းအရွှေ့ကိစ္စမေးခွန်းအပေါ် ဖြေကြားရန် နည်းပြ တန်ဟတ်ချ် ငြင်းဆန်

မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စမေးမြန်းမှုအပေါ် နည်းပြတန်ဟတ်ချ်က ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။
ဧပြီ ၉ ရက်က ကစားခဲ့တဲ့ အိုင်းယက်စ်နဲ့ စပါတာရော့တာဒမ်ပွဲစဉ်အပြီးမှာ ESPN က နည်းပြ တန်ဟတ်ချက်ကို မန်ယူနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မေးမြန်းခဲ့ပါတယ်။ နည်းပြ တန်ဟတ်ချ်ကတော့ အိုင်းယက်စ်ပွဲစဉ်အကြောင်းပဲ ပြောချင်တယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။
“ဒီပွဲအကြောင်းပဲ ပြောချင်တယ်။ ကောလာဟလတွေအတွက် တုံ့ပြန်ချက်ပေးမှာမဟုတ်ဘူး။ ပွဲအကြောင်း မမေးဘူးဆိုရင် အထဲဝင်သွားတော့ပါမယ်” လို့ သတင်းထောက်ကို နည်းပြ တန်ဟတ်ချ်က ပြန်လည်ဖြေကြားခဲ့တာပါ။
သတင်းတွေအရတော့ မန်ယူအသင်းဟာ နည်းပြတန်ဟတ်ချ်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီး အပြီးသတ်စာချုပ်ဖို့သာ ကျန်ရှိတော့တယ်လို့ ဖော်ပြခဲ့ကြတာပါ။
ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြသစ်ရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့လည်း သတင်းထွက်နေပြီး အခုနှစ်ရာသီအကုန်ခင်မှာပဲ တရားဝင်သတင်းထုတ်ပြန်ဖို့ရှိပါတယ်။