ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်မှာ ဇူလိုင် ၂၉ ရက်မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသမီးတစ်ဦး ပထမဆုံး စတင်သေဆုံးခဲ့ပါတယ်။
အမာမြို့ ၊ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ အမာမြို့ ၁ ရပ်ကွက်မှာ နေထိုင်သူ အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အမျိုးသမီးတစ်ဦးသေတယ်။ ဒီနေ့ပဲ မြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ သံဃာ တစ်ပါးရယ်၊ အခြားကျေးရွာက အမျိုးသမီး နှစ်ဦးရယ်၊ သံသယ လက္ခဏာရှိလို့ ဆေးရုံမှာ လါရောက်စစ်ဆေးတာ ကို-၁၉ ရောဂါပိုး ၃ ဦး စလုံးတွေ့တယ်။"
အမာမြို့နယ်မှာ ကညင်ကုန်းကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးကို ဇူလိုင် ၅ရက်နေ့က နေမကောင်းဖြစ်သဖြင့် RDT test ဖြင့် စစ်ဆေးရာမှ Covid 19ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၉ရက်နေ့ထိ ပိုးတွေ့လူနာ (၂၃)ဦး ရှိကာ လက်ရှိအချိန်ထိအမာမြို့ ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ(၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း အမာမြို့ ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်မှာ ဇူလိုင် ၅ ရက် ညနေပိုင်းက RDT test နဲ့ စစ်ဆေးရာမှာ ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိပါတယ်။
"ကျန်းမာရေးဌာနကို အကြောင်းကြားလို့ RDT test နဲ့ စစ်ဆေးတယ်။ ဆိပ်မကျေးရွာနဲ့ ကညင်ကုန်းကျေးရွာက ကိုဗစ်-၁၉ Positive လူနာ ၆ ဦး ဇူလိုင် ၅ ရက် ညနေပိုင်းက စတင်တွေ့ရှိခဲ့တယ်” လို့ အမာမြို့နယ်ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကညင်ကုန်းကျေးရွာနေ အမျိုးသားတစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်ပူချိန်မကျလို့ ကျန်းမာရေးဌာနသို့ အကြောင်းကြားလာခဲ့ရာ ကျန်းမာရေးဌာနက RDT test kits နဲ့ စစ်ဆေးစဉ် ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တာပါ။
ပိုးတွေ့လူနာနဲ့အတူနေမိသားစုတွေကို ဆက်လက်စစ်ဆေးရာ ဇနီးဖြစ်သူ အမက(လွန်) ကျောင်းဆရာမနဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူတို့မှာလည်း ကိုဗစ်-၁၉ ရောဓါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဆိပ်မကျေးရွာမှာလည်း ကိုဗစ်-၁၉ ပိုးတွေ့သူနဲ့ ဆက်စပ်ပြီး အတူနေမိသားစုဝင်တွေဖြစ်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ RDT test kits နဲ့ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ပိုးတွေ့အတည်ပြုလူနာ ၆ ဦးကို အမာမြို့ တိုက်နယ်ဆေးရုံမှာ သီးခြားထားရှိကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
Photo- အမာ ကျန်းမာရေးဦးစီးဌာန