close

အမာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၆ ဦး စတင်တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်မှာ ဇူလိုင် ၅ ရက် ညနေပိုင်းက  RDT test နဲ့ စစ်ဆေးရာမှာ ၆ ဦး  ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိပါတယ်။

"ကျန်းမာရေးဌာနကို အကြောင်းကြားလို့ RDT test နဲ့ စစ်ဆေးတယ်။ ဆိပ်မကျေးရွာနဲ့ ကညင်ကုန်းကျေးရွာက ကိုဗစ်-၁၉ Positive လူနာ ၆ ဦး ဇူလိုင် ၅ ရက် ညနေပိုင်းက စတင်တွေ့ရှိခဲ့တယ်” လို့ အမာမြို့နယ်ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကညင်ကုန်းကျေးရွာနေ  အမျိုးသားတစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်ပူချိန်မကျလို့  ကျန်းမာရေးဌာနသို့ အကြောင်းကြားလာခဲ့ရာ ကျန်းမာရေးဌာနက RDT test kits နဲ့ စစ်ဆေးစဉ် ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တာပါ။

ပိုးတွေ့လူနာနဲ့အတူနေမိသားစုတွေကို ဆက်လက်စစ်ဆေးရာ ဇနီးဖြစ်သူ  အမက(လွန်) ကျောင်းဆရာမနဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူတို့မှာလည်း ကိုဗစ်-၁၉ ရောဓါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဆိပ်မကျေးရွာမှာလည်း ကိုဗစ်-၁၉ ပိုးတွေ့သူနဲ့ ဆက်စပ်ပြီး အတူနေမိသားစုဝင်တွေဖြစ်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့  RDT test kits နဲ့ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ပိုးတွေ့အတည်ပြုလူနာ ၆ ဦးကို အမာမြို့ တိုက်နယ်ဆေးရုံမှာ သီးခြားထားရှိကာ လိုအပ်တဲ့  ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့  မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

Photo- အမာ ကျန်းမာရေးဦးစီးဌာန

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up