close

အမာ

close

April 30, 2022

အမာမြို့၊ ကျင်ကြီးဒေါင်ကျေးရွာတွင် နေအိမ် ၅၀ ကျော် မီးလောင်ဆုံးရှုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေးဒလူကျေးရွာအုပ်စုရှိ ကျင်ကြီးဒေါင့်ကျေးရွာမှာ ဧပြီ ၃၀ ရက် မနက်က  မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနက် ၁၁ နာရီကျော်လောက်ကစတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ၁၂ နာရီခွဲလောက်မှာ မီးထိန်းနိုင်ခဲ့ပေမယ့် အိမ်ခြေအနည်းဆုံး ၅၅ လုံးလောက် မီးလောင်းတဲ့အထဲ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မီးလောင်တာ ၂ နာရီကြာမယ် ခုတော့ အားလုံးငြိမ်းပါပြီ အိမ် ၅၅ လုံးလောက်ပါသွားတယ် ခုစာရင်းရထားတာပြောတာ လူသေဆုံးတာတော့ မရှိဘူး''လို့ ကျင်ကြီးဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒုံးလုံးကပြောပါတယ်။

မီးလောင်မှုကြောင့် လူသေဆုံးထိခိုက်တာမျိုးမရှိပေမယ့် မီးထဲပါသွားတဲ့အိမ်တွေက သူတွေကို ဘုန်းကြီးကျောင်းမှာ နေရချထားပေးရတယ်လို့ ဆိုပါတယ်။

မီးသတ်ကားတွေလာဖို့ အခက်အခဲရှိတဲ့ ကျေးရွာဖြစ်တာကြောင့် ဒေသခံပြည်သူတွေစုပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး စတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကို အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

1 min Ago
Up