close

အမေရိကန်စစ်သင်္ဘော

close

March 23, 2023

အမေရိကန် စစ်သင်္ဘော စစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားရောက်

အမေရိကန်နိုင်ငံပိုင် ကုန်းရေနှစ်သွယ် ချေမှုန်းရေးစစ်သင်္ဘော မက်ကင်အိုင်းလန်းဟာ မဟာမိတ် တောင်ကိုရီးယား အပါအဝင် အင်ဒို-ပစိတ်ဖိတ်ဒေသကို ကြီးကြီးမားမား အကာအကွယ်ပေးနိုင်မယ့် အစီအစဉ်တွေထဲက တစိတ်တပိုင်းဖြစ်ကြောင်း မတ်လ ၂၃ ရက်မှာ စစ်သင်္ဘောကွပ်ကဲရေးမှူး တိုနီ ရှားဗက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့အတူ တင်းမာမှုမြင့်တက်လာချိန်မှာပဲ ဒီစစ်သင်္ဘောဟာ တောင်ကိုရီးယား အရှေ့တောင်ဘက်က ဆိပ်ကမ်းမြို့တခုဖြစ်တဲ့ ဘူဆန်ကို မတ်လ ၂၂ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။

မတ်လ ၂၀ ရက်ကနေ ဧပြီ ၃ ရက်အထိ ၂ ပတ်တာပြုလုပ်မယ့် တောင်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းရှိ ဖိုဟန်မြို့က ကြီးမားတဲ့ ကုန်းရေနှစ်သွယ် စစ်ရေးလေ့ကျင့်မှုအတွင်း ဒီစစ်သင်္ဘောကြီးလည်း ပါဝင်သွားမှာပါ။

၂ နိုင်ငံစလုံးက ရေတပ်နဲ့ မရိမ်းတပ်သား ၁၂,၀၀၀ ကျော် အပါအဝင် စစ်သင်္ဘောအစီးရေ ၃၀၊ လေယာဉ်အစင်းပေါင်း ၇၀ နဲ့အတူ ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးဆိုင်ရာ ယာဉ်အစီးရေ ၅၀ ဟာ ဒီပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုပါတယ်။

မက်ကင်အိုင်းလန်းစစ်သင်္ဘော မဆိုက်ကပ်ခင်မှာ မြောက်ကိုရီးယားနိုင်ငံက ခရုဇ်ဒုံးကျည် ၄ စင်းကို အရှေ့ဘက်ကမ်းလွန်ဒေသဆီ ပစ်ခတ်ခဲ့တယ်လို့လည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံအကြား လက်ရှိပြုလုပ်နေဆဲ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပေါ် မြောက်ကိုရီးယားဘက်က သိသာထင်ရှားတဲ့ ကန့်ကွက်မှုဖြစ်ပါတယ်။

6 mins Ago

June 8, 2022

ပိုလန်ပင်လယ်ဆိပ်ကမ်းမြို့သို့ အမေရိကန်စစ်သင်္ဘော ရောက်လာ

အမေရိကန်စစ်သင်္ဘော USS ဂရာဗေလီဟာ ပိုလန်နိုင်ငံမြောက်ပိုင်းက ဘောလ်တစ်ပင်လယ်ဆိပ်ကမ်းမြို့ ဂဒစ်ညာမှာ ဇွန် ၇ ရက်က ကျောက်ချရပ်နားခဲ့ပါတယ်။

အိမ်နီးချင်း ယူကရိန်းနိုင်ငံမှာ စစ်မီးတောက်နေချိန် ပိုလန်ကို ထောက်ခံကြောင်းပြဖို့လို့ အရာရှိတွေက ပြောပါတယ်။

ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့ခ်ဘရဒ်ဇင်စကီက “ပိုလန်ပြည်သူတွေ ဘေးကင်းလုံခြုံတယ်၊ ကျနော်တို့က ပိုလန်ပြည်သူတွေနဲ့ အတူရှိနေတယ် ဆိုတဲ့ သတင်းစကားကို ပိုလန်ပြည်သူတွေကို ရှင်းရှင်းလင်းလင်းပေးဖို့ ရည်ရွယ်တယ်” လို့ ဆိပ်ကမ်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ခုလို အတူအလုပ်လုပ်သလိုမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး။ ခုလို ကျနော်တို့ စုပေါင်းဆောင်ရွက်နေတာကို ပူတင် မုန်းတယ်” လို့ ဘရဒ်ဇင်စကီက ဆက်ပြောပါတယ်။

သင်္ဘောဟာ ဘောလ်တစ်ပင်လယ်ကို လှည့်ပတ်ခုတ်မောင်းရင်း ပြီးခဲ့တဲ့  ဧပြီလက လစ်သူယေးနီးယားမှာ ဆိုက်ကပ်ခဲ့ဖူးပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးရာမှာ ပိုလန်ဟာ အဓိကအခန်းကဏ္ဍက ပါပါတယ်။

ဧပြီလအထိ ယူကရိန်းနိုင်ငံကနေ ပြည်သူ ၅ ဒသမ ၀၃ သန်း ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုပါတယ်။ ဒုက္ခသည် ထက်ဝက်ကျော်ဟာ ပိုလန်ကတဆင့် ဥရောပသမဂ္ဂဆီ ဝင်ရောက်လာခဲ့ကြပါတယ်။

10 months Ago
Up