close

အမေရိကန်ဒုသမ္မတ

close

September 29, 2022

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ် ကိုရီးယားစစ်မဲ့ဇုန်သို့ သွားရောက်

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်ဟာ စက်တင်ဘာ ၂၉ ရက်မှာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇုန် DMZ ဟာ ငြိမ်းချမ်းရေးစာချုပ်မချုပ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ ပြီးဆုံးခဲ့တဲ့ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲရဲ့ အမွေအနှစ်တရပ်ပါ။

၂ ကီလိုမီတာရှည်တဲ့ ကမ်းရိုးတန်းတလျှောက် ဘလိတ်ဓားဆူးကြိုးတွေ၊ အကြီးစား လက်နက်တွေနဲ့ တင့်ကားထောင်ချောက်တွေကို နယ်စပ်မျဉ်း တဖက်တချက်စီမှာ အခိုင်အခံ့ ချထားပါတယ်။

အမေရိကန်သမ္မတတွေနဲ့ ထိပ်တန်းအရာရှိ အများအပြားဟာ စစ်ပုံစံအင်္ကျီတွေဝတ်ပြီး ဒီဇုန်ကို လာလေ့ရှိပါတယ်။

အမေရိကန်သမ္မတ ရော်နယ်ရေဂင်ဟာ DMZ ဆီ လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကတော့ DMZ ကို လာရောက်လည်ပတ်ခဲ့တဲ့ နောက်ဆုံး အမေရိကန်ခေါင်းဆောင် ဖြစ်ပါတယ်။

ဟားရစ်ဟာ DMZ ဆီ လာရောက်လည်ပတ်တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့  ပထမဆုံး အကြီးတန်းအရာရှိ ဖြစ်လာမှာပါ။

ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရ နှစ်ရပ်ကြား မဟာမိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

46 mins Ago

September 28, 2022

ဂျပန် ဆီမီးကွန်ဒတ်တာ စီးပွားရေးလုပ်ငန်း အကြီးအကဲများနှင့် အမေရိကန်ဒုသမ္မတ တွေ့ဆုံ

အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ်ဟာ စက်တင်ဘာ ၂၈ ရက်က ဂျပန်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်း အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘိုင်ဒင် အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ စျေးကွက်လွှမ်းမိုးမှု မြင့်တက်လာတာကို တန်ပြန်ဖို့အတွက် အမေရိကန်ရဲ့ ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်လာတာပါ။

စက်မှုလုပ်ငန်းအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ ပေးဆောင်တဲ့ ဥပဒေတရပ်ကို သြဂုတ်လက အတည်ပြုပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုအတွင်း ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခုရရှိနိုင်တဲ့ မက်လုံးပေးထားမှုတွေအကြောင်း ဟားရစ်က ပြောပြခဲ့ပါတယ်။

ကားတွေ၊ လက်နက်တွေ၊ အဝတ်လျှော်စက်တွေနဲ့ ဗီွဒီယိုဂိမ်းတွေ စတာတွေကနေ အရာအားလုံးကို ထုတ်လုပ်ရောင်းချရာမှာ အဟန့်အတားဖြစ်ရတဲ့ ချစ်ပ်ပြတ်လပ်မှုမျိုး မကြုံရအောင် ကူညီပေးဖို့ ရန်ပုံငွေဥပဒေကို ရေးဆွဲထားတယ်လို့ ဆိုပါတယ်။

ချစ်ပ် ပြတ်တောက်မှုတွေကြောင့် အမေရိကန်စားသုံးသူ ဈေးနှုန်းဖောင်းပွမှုကို ပိုဆိုးရွားစေခဲ့ပြီး ဩဂုတ်လမှာ နှစ်စဉ်ဖောင်းပွမှု အခြေခံ ၈ ရာခိုင်နှုန်း တက်လာခဲ့တာပါ။

ဂျပန်နိုင်ငံဟာ ဒီအလုပ်ကို လုပ်နိုင်စွမ်းနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အလွန်အရေးပါပြီး အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကို မြင်တွေ့ရကြောင်း ဟားရစ်က ပြောပါတယ်။

ဂျပန်နဲ့ အမေရိကန်တို့ဟာ ခံနိုင်ရည်ရှိတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေပေါ်မှာ အလုပ်လုပ်ကြဖို့နဲ့ တိုးတက်နေတဲ့ ဆန်းသစ်တီထွင်မှုမှာ ရင်းနှီးမြှုပ်နှံဖို့လည်း ကတိကဝတ် ပြုထားကြောင်း သူကဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုကျိုအီလက်ထရွန်၊ နိကွန်၊ ဟီတာချီ ဟိုက်တက်ခ် ကော်ပိုရေးရှင်းနဲ့ ဖူဂျစ်ဆု အပါအဝင် အနည်းဆုံး ကုမ္ပဏီ ၁၃ ခုက အမှုဆောင်အရာရှိတွေ တက်ရောက်ခဲ့ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ပြောပါတယ်။

20 hours Ago
Up