close

အမေရိကန်နိုင်ငံသား ၂ ဦး

close

June 19, 2022

ယူကရိန်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် အမေရိကန်နိုင်ငံသား ၂ ဦး၏ဓာတ်ပုံ ရုရှားမီဒီယာ ပြသ

ယူကရိန်းနဲ့တိုက်ပွဲအတွင်း ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်လို့ ပြောထားတဲ့ လူ ၂ ယောက်ရဲ့ ပုံတွေကို ရုရှားမီဒီယာက ဇွန် ၁၇ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါဟာ စစ်သုံ့ပန်းအဖြစ် ပထမဆုံး အတည်ပြုချက် ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

အလာဘားမားပြည်နယ် ဟာ့တ်ဆယ်လေမြို့က အသက် ၂၇ နှစ်အရွယ် အန်ဒီ ဟိုင်နဲ့ တက်စ်ကာလူဆာမြို့က အသက် ၃၉ နှစ်အရွယ် အလက်ဇန်းဒါး ဒရူအယ်ကေတို့နဲ့ အကျဉ်းချုံး လူတွေ့ မေးမြန်းခန်းလို့ ပြောတဲ့ ရုပ်သံကို ရုရှားရုပ်သံ ရော့စီယာဝမ်းက ထုတ်လွှင့်ပြသခဲ့တာပါ။

သူတို့ ၂ ယောက်ဟာ ယူကရိန်းနိုင်ငံထဲမှာ ပျောက်နေတာ သီတင်းပတ်တပတ် ရှိပြီး အကျဉ်းသားအဖြစ် အဖမ်းခံ ထားရမှာ စိုးရိမ်နေခဲ့တာလို့ သူတို့ရဲ့ မိသားစုတွေက ဇွန် ၁၅ ရက်မှာ ပြောပါတယ်။

တယ်လီဂရမ် အက်ပ်ထဲမှာ တင်ထားတဲ့ ၆စက္ကန့်စီ ကြာတဲ့ ရုပ်သံတွေထဲမှာ မုတ်ဆိတ်နဲ့ လူတယောက်က ကျနော့်နာမည် အလက်ဇန်းဒါး ဒရူအေက်ဖြစ်ပြီး စစ်ကို ဆန့်ကျင်တယ်လို့ အမေရိကန်လေသံနဲ့ ပြောထားသလို့ ကျနော် စစ်ကို ဆန့်ကျင်တယ်လို့ ရုရှားဘာသာနဲ့လည်း သူက ထပ်ပြောထားပါတယ်။

ဟိုင်လို့ ရုရှားမီဒီယာကပြောတဲ့ အမျိုးသားကတော့ ကျနော်စစ်ကို ဆန့်ကျင်တယ်လို့ ၂ စက္ကန့်ကြာတဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။

ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတုန့်ပြန်သေးပါဘူး။ 

ဒီလူတွေ လွတ်လွတ်လပ်လပ် ပြောနေတာလား ဆိုတာကိုရော သူတို့ရဲ့ တယ်လီဂရမ် အကောင့်တွေကိုပါ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာ မရှိသေးပါဘူး။ 

8 mins Ago

October 15, 2020

အမေရိကန်နိုင်ငံသား ၂ ဦးကို ဟူသီသူပုန်များ ပြန်လွှတ်

ယီမင်ဟူသီသူပုန်တွေ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား နှစ်ယောက်ကို အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ  အောက်တိုဘာ ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။  ယီမင်နိုင်ငံသား အယောက် ၂၅၀ ဟာလည်း  အိုမန်နိုင်ငံမှာ ကုသမှုခံယူပြီးနောက် အိုမန်ရဲ့ လေယာဉ်နှစ်စင်းနဲ့  မိခင်နိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။    အိုမန်စော်ဘွားရဲ့ ညွှန်ကြားချက်အရ ယီမင်နိုင်ငံ မြို့တော်ဆာနားက သက်ဆိုင်ရာ အာဏာပိုင်တွေက အမေရိကန်နိုငံသားတွေကို လွှတ်ပြီး နေရပ်မပြန်ခင် သူတို့ကို အိုမန်နိုင်ငံဆီ လွှဲပေးဖို့ သဘောတူခဲ့တယ်လို့ အိုမန်နိုင်ငံပိုင် ရုပ်သံက ကြေညာပါတယ်။  ဖမ်းဆီးခံ ကယ်ဆယ်ရေးဝန်ထမ်း ဆန်ဒရာလိုလီနဲ့ လုပ်ငန်းရှင် မီခေးလ်ဂီဒါဒါတို့အား လွှတ်ပေးခဲ့တာကို အမေရိကန်အစိုးရက ကြိုဆိုခဲ့သလို သေဆုံးသွားတဲ့ ဘီလယ်ဖက်တင်းရဲ့ ရုပ်အလောင်းကိုလည်း ပြန်လက်ခံသွားမယ်လို့ အမျိုးသား လုံခြုံရေးအကြံပေးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။   အမေရိကန်နိုင်ငံသား နှစ်ဦးပြန်လွှတ်ရေးမှာ ကူညီခဲ့တဲ့ အိုမန်စော်ဘွား ဟေသမ်ဘင်သာရစ် အယ်ဆာအစ် နဲ့  ဆော်ဒီဘုရင် ဆယ်မန်တို့ကိုလည်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရိုင်ယန်က ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 years Ago
Up