close

အမ်ကတ်တီယာ

close

January 24, 2023

တိုက်စစ်မှူး အမ်ကတ်တီယာ အင်္ဂလန်အသင်းမှာရွေးချယ်ခံရနိုင်ကြောင်း နဗီးလ်သုံးသပ်

အာဆင်နယ်တိုက်စစ်မှူး အမ်ကတ်တီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံရနိုင် ကြောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။

အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးအမ်ကတ်တီယာဟာ အင်္ဂလန် အသင်းကြီးမှာ ရွေးချယ်ခြင်းမခံရဖူးပေမယ့် ယူ-၂၁ အသင်းမှာတော့  ၁၆ ဂိုးသွင်းထားပြီး စံချိန်သစ် တင်ထားတာပါ။ 

မန်ယူအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အမ်ကတ်တီယာက နှစ်ဂိုးသွင်းခဲ့ပြီး အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလည်း အဲဒီပွဲစဉ်ကို ကြည့်ရူအားပေးခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူဟောင်း နဗီးလ်ကတော့  အင်္ဂလန်အသင်းတိုက်စစ်မှာ ခြေစွမ်းပြသနေတဲ့ ကစားသမားသိပ်မရှိတာကြောင့် လက်ရှိအချိန်ဟာ အမ်ကတ်တီယာအတွက် လက်ရွေးစင်မှာ ရွေးချယ်ခံရဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ပြောပါတယ်။ 

အမ်ကတ်တီယာဟာ ဂါနာအသင်းကိုလည်း ကိုယ်စားပြုခွင့်ရှိပြီး ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက နိုင်ငံကိုယ်စားပြုပြောင်းလဲဖို့စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပါဘူး။ သူဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားထားရာမှာ ၄ ဂိုးသွင်းယူထားပါတယ်။

3 hours Ago

July 9, 2020

တိုက်စစ်မှူးအမ်ကတ်တီယာ၏ အနီကတ်ပြစ်ဒဏ်ကို အာဆင်နယ်အသင်း အယူခံဝင်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အမ်ကတ်တီယာရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အက်ဖ်အေကို အယူခံဝင်ထားတယ်လို့ သိရပါတယ်။  လူငယ်တိုက်စစ်မှူး အမ်ကတ်တီယာဟာ လက်စတာအသင်းနဲ့ ၁ ဂိုး စီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားအပြီး ၄ မိနစ်အကြာမှာ လက်စတာနောက်ခံလူ ဂျက်စ်တင်ကို ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။  အဲဒီအနီကတ်ကြောင့် အနီးစပ်ဆုံး ၃ ပွဲ ပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့် အာ ဆင်နယ်အသင်းက အယူခံဝင်ထားတာပါ။  အမ်ကတ်တီယာအနေနဲ့ ဂျက်စတင်နဲ့ ဘောလုံးယှဉ်လုရင်း ရည်ရွယ်မရှိဘဲ ကန်မိခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတဦးလည်းဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုအပေါ်မှာ နား လည်မှုရှိကြောင်း နည်းပြအာတီတာကပြောပါတယ်။  အာဆင်နယ်အသင်းဟာ ဇူလိုင် ၁၂ ရက်နေ့ စပါးနဲ့ ကစားရ မှာဖြစ်ပြီး အဲဒီနောက် လီဗာပူး၊ အက်ဖ်အေဖလားမှာလည်း မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ 
3 years Ago
Up