တိုက်စစ်မှူး အမ်ကတ်တီယာ အင်္ဂလန်အသင်းမှာရွေးချယ်ခံရနိုင်ကြောင်း နဗီးလ်သုံးသပ်

အာဆင်နယ်တိုက်စစ်မှူး အမ်ကတ်တီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံရနိုင် ကြောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးအမ်ကတ်တီယာဟာ အင်္ဂလန် အသင်းကြီးမှာ ရွေးချယ်ခြင်းမခံရဖူးပေမယ့် ယူ-၂၁ အသင်းမှာတော့ ၁၆ ဂိုးသွင်းထားပြီး စံချိန်သစ် တင်ထားတာပါ။
မန်ယူအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အမ်ကတ်တီယာက နှစ်ဂိုးသွင်းခဲ့ပြီး အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလည်း အဲဒီပွဲစဉ်ကို ကြည့်ရူအားပေးခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်း နဗီးလ်ကတော့ အင်္ဂလန်အသင်းတိုက်စစ်မှာ ခြေစွမ်းပြသနေတဲ့ ကစားသမားသိပ်မရှိတာကြောင့် လက်ရှိအချိန်ဟာ အမ်ကတ်တီယာအတွက် လက်ရွေးစင်မှာ ရွေးချယ်ခံရဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ပြောပါတယ်။
အမ်ကတ်တီယာဟာ ဂါနာအသင်းကိုလည်း ကိုယ်စားပြုခွင့်ရှိပြီး ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက နိုင်ငံကိုယ်စားပြုပြောင်းလဲဖို့စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပါဘူး။ သူဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားထားရာမှာ ၄ ဂိုးသွင်းယူထားပါတယ်။