ပြင်သစ်ကြယ်ပွင့်ကစားသမား အမ်ဘာပေ အသင်းမှာ ဆက်ရှိနေစေဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း PSG အသင်း အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အတည်ပြု ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အမ်ဘာပေနဲ့ PSG အသင်းရဲ့ စာချုပ်သက်တမ်းမှာ အခုရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၄ လသာ ကျန်ရှိပါတော့ပါတယ်။
အမ်ဘာပေအနေနဲ့ နွေရာသီမှာ ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့် ရရှိထားပြီဖြစ်သလို၊ ဇန်နဝါရီကတည်းက တခြားကလပ်တွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်နဲ့ အကြိုသဘောတူညီမှုယူခွင့် ရရှိထားပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ တခြားကလပ်အသင်းတွေနဲ့ သဘောတူညီမှုရယူထားခြင်း မရှိသေးတာကြောင့် အသင်းမှာ ဆက်ရှိနေဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း လီယိုနာဒိုက ပြောပါတယ်။