close

အမ်ဘာပေ အသင်းတွင် ဆက်ရှိနေရန် ကြိုးပမ်းမည်ဟု PSG ဒါရိုက်တာပြော

ပြင်သစ်ကြယ်ပွင့်ကစားသမား အမ်ဘာပေ အသင်းမှာ ဆက်ရှိနေစေဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း PSG အသင်း အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အမ်ဘာပေနဲ့ PSG အသင်းရဲ့ စာချုပ်သက်တမ်းမှာ အခုရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၄ လသာ ကျန်ရှိပါတော့ပါတယ်။ 

အမ်ဘာပေအနေနဲ့ နွေရာသီမှာ ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့် ရရှိထားပြီဖြစ်သလို၊ ဇန်နဝါရီကတည်းက တခြားကလပ်တွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်နဲ့ အကြိုသဘောတူညီမှုယူခွင့် ရရှိထားပါတယ်။ 

ဒါပေမဲ့ သူ့အနေနဲ့ တခြားကလပ်အသင်းတွေနဲ့ သဘောတူညီမှုရယူထားခြင်း မရှိသေးတာကြောင့် အသင်းမှာ ဆက်ရှိနေဖို့  ကြိုးပမ်းသွားမှာဖြစ်ကြောင်း လီယိုနာဒိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up