close

အမ်မရီ

close

December 24, 2022

စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ဂိုးသမားမာတီနက်ဇ်နှင့် ဆွေးနွေးမည်ဟု နည်းပြ အမ်မရီပြော

ဂိုးသမား မာတီနက်ဇ်အနေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ဆွေးနွေးသွားမယ်လို့ အက်စ တွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီ နှစ်ကြိမ်ကာကွယ်ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူ နိုင်ခဲ့တာပါ။ 

မာတီနက်ဇ်ဟာ ပြိုင်ဘက်တိုက်စစ်မှူး အမ်ဘာပေရဲ့ ဦးခေါင်းရုပ်ကို ကလေးအရုပ်မှာ တပ်ဆင် ပြီး အောင်ပွဲခံခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

သူ့ရဲ့ မိခင်ကလပ် ဗီလာရဲ့ နည်းပြအမ်မရီကတော့ အသင်းဆီပြန်လာချိန်မှာ မာတီနက်ဇ်ကို ခေါ်ယူဆွေးနွေးသွားမှာဖြစ်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စေဖို့လည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

ဒါပေမဲ့ အောင်ပွဲခံမှုထက် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အောင်ပွဲအကြောင်းကို အဓိကဆွေးနွေးမှာ ဖြစ်တယ်လို့ နည်းပြ အမ်မရီက ပြောသွားပါတယ်။ 

15 mins Ago

November 5, 2022

ဗီလာနှင့်အတူ ဆုဖလားရယူနိုင်ရန် နည်းပြသစ် အမ်မရီ ရည်မှန်း

အက်စတွန်ဗီလာအသင်းနဲ့အတူ ဆုဖလားတစ်လုံးရယူနိုင်ဖို့ရည်မှန်းထားကြောင်း နည်းပြသစ် အူနိုင်းအမ်မရီကပြောပါတယ်။

ဆီဗီလာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိတဲ့ထိပ်တန်းအသင်းတွေကို တာဝန်ယူခဲ့တဲ့ စပိန်းနည်းပြဟာ ဗီလာရီးရဲလ်ကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတာပါ။

မီဒီယာတွေနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ ဗီလာ အသင်းကို ဆုဖလားတစ်လုံးရယူပေးနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဒုတိယရည်မှန်းချက်က ဥရောပွဲစဉ် တွေ ကစားခွင့်ရဖို့ဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။

ဗီလာအသင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ အစီအစဉ်တွေကို နှစ်သက်တာကြောင့် ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းကိုတစ်ဆင့်ချင်းစီတိုးတက် လာအောင် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။

အူနိုင်းအမ်မရီဟာ ဗီလာနည်းပြဘဝပထမဆုံးပွဲစဉ်အနေနဲ့ တနင်္ဂနွေနေ့မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

2 months Ago
Up