သြစတြေးလျအိုးပင်း ချန်ပီယံ အမ်မာရာဒူးကာနူဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းပါ့ခ်မှာ ဒီတပတ် ကျင်းပမယ့် WTA 250 ပြိုင်ပွဲမှာ ဝင်မပြိုင်တော့ဘူးလို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ကွာရန်တင်းကနေ ထွက်လာခါစ ဖြစ်လို့ ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
အသက် ၁၉ နှစ်အရွယ် ရာဒူးကာနူဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာကြောင့် အရင်လက အဘူဒါဘီမှာ ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲနဲ့လည်း လွဲခဲ့ပါတယ်။
'Melbourne Summer Set' လို့ လည်းခေါ်ကြတဲ့ WTA 250 ပြိုင်ပွဲကို သြစတြေးလျ အိုးပင်း ပြိုင်ပွဲ မတိုင်ခင်မှာ ကျင်းပတာ ဖြစ်ပြီး၊ တင်းနစ် အကျော်အမော်တွေအတွက် လက်ရည်စမ်းတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲကို မဲလ်ဘုန်းပါ့ခ်မှာ ဇန်နဝါရီ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ် ၁၉ ဖြစ်တဲ့ ရာဒူးကာနူဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမယ့် Australian Open ပြိုင်ပွဲကိုတော့ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။