close

သြစတြေးလျအိုးပင်းတင်းနစ် ချန်ပီယံ အမ်မာရာဒူးကာနူ WTA 250 ပြိုင်ပွဲ ဝင်မပြိုင်

သြစတြေးလျအိုးပင်း ချန်ပီယံ အမ်မာရာဒူးကာနူဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းပါ့ခ်မှာ ဒီတပတ် ကျင်းပမယ့် WTA 250  ပြိုင်ပွဲမှာ ဝင်မပြိုင်တော့ဘူးလို့  ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ကွာရန်တင်းကနေ ထွက်လာခါစ ဖြစ်လို့ ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် ရာဒူးကာနူဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာကြောင့် အရင်လက အဘူဒါဘီမှာ ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲနဲ့လည်း လွဲခဲ့ပါတယ်။ 

 'Melbourne Summer Set' လို့ လည်းခေါ်ကြတဲ့ WTA 250   ပြိုင်ပွဲကို သြစတြေးလျ အိုးပင်း ပြိုင်ပွဲ မတိုင်ခင်မှာ ကျင်းပတာ ဖြစ်ပြီး၊ တင်းနစ် အကျော်အမော်တွေအတွက် လက်ရည်စမ်းတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲကို မဲလ်ဘုန်းပါ့ခ်မှာ ဇန်နဝါရီ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နံပါတ် ၁၉ ဖြစ်တဲ့ ရာဒူးကာနူဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမယ့်  Australian Open ပြိုင်ပွဲကိုတော့ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up