close

အမြင့်ဆုံး

close

July 31, 2022

ဩစတြေးလျနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးဖြစ်လာ

ဩစတြေးလျနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ဧပြီလကနေ ဇွန်လအထိ သုံးလပတ်အတွင်း ၂၁ နှစ်ကြာ ကာလမှာ အမြင့်ဆုံးအထိ တက်သွားပါတယ်။

အစားအစာနဲ့ စွမ်းအင်ကုန်ကျစရိတ်တွေ ဆက်လက်ကြီးထွားနေလို့ ငွေကြေး ဖောင်းပွမှု ပိုအရှိန်မြှင့်နိုင်တယ်လို့ ဟောကိန်းထုတ် နေကြပါတယ်။ 

သြစတြေးလျ စာရင်းအင်းဗျူရို ABS က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ငွေကြေးဖောင်းပွမှုလို့ လူသိများတဲ့ စားသုံးသူစျေးနှုန်းညွှန်းကိန်း CPI ဟာ ဇွန်လကုန်မှာပြီးဆုံးမယ့် သုံးလပတ်မှာ  ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်လာခဲ့ပါတယ်။ 

၂၀၀၁ ခုနှစ်နောက်ပိုင်း အမြန်ဆုံးဖြစ်လာတဲ့ နှစ်အလိုက်တိုးမြှင့်မှုဟာ လူနေမှုစရိတ်တွေနဲ့ ရုန်းကန်နေရတဲ့ မိသားစုတွေအပေါ်  ပို ဖိအားပေးလိမ့်မယ်လို့ သြစတြေးလျ ဘဏ္ဍာရေးမှူး ဂျင်မ် ချမ်းမားစ်က ပြောပါတယ်။ 

ယူကရိန်းမှာ ငါးလကြာပဋိပက္ခကြောင့် ဒေသတွင်း ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း စွမ်းအင်စျေးနှုန်းတွေ အကြီးမားဆုံး မြင့်တက်ခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းက ဩစတြေးလျမှာ မြင့်နေပေမယ့် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေသေးလို့ သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးဟာ တခြားနိုင်ငံတွေနဲ့ယှဉ်လျှင် ပိုကောင်းမွန်နေ သေးတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် တင်ပြပါတယ်။ 

11 mins Ago

April 16, 2020

အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်နိုင်ငံက COVID-19 ကူးစက်မှု အမြင့်ဆုံးဖြစ်

အရှေ့တောင်အာရှဒေသတွင်းမှာ ဖိလစ်ပိုင်နိုင်ငံဟာ COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ လတ်တလောအချိန်ထိ နိုင်ငံတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၅၆၆၀ ယောက်ရှိပြီး ၃၆၂ ယောက်သေဆုံးခဲ့ကာ ပြန်လည်သက်သာကောင်းမွန်လာသူ ၄၃၅ ယောက်ရှိခဲ့တယ်လို့ ABS-CBN ရုပ်သံသတင်းက ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေက ကူးစက်ခံရသူ ၅၁၃၆ ယောက်နဲ့ ၅၀၇၂ ယောက်စီနဲ့ အသီးသီး ရှိနေကြတယ်လို့ ဂျွန်ဟော့ပ်ကင်းစ်တက္က သိုလ်ရဲ့ သုတေသနစာတမ်းတစောင်မှာ ဖော်ပြပါတယ်။ စင်ကာပူနိုင်ငံကတော့ လူပေါင်း ၃၆၉၉ ယောက်ကို ကူးစက်ခံခဲ့ရပြီး ဒေသတွင်း စတုတ္ထမြောက် ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ သူ့နောက်မှာတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက COVID-19 ဗိုင်းရပ်စ်ကူး စက်ခံရသူ ၂၆၇၂ ယောက်နဲ့ ၂၆၈ ယောက်စီနဲ့ အသီးသီး ရှိနေကြတာပါ။ ဖိလစ်ပိုင်နိုင်ငံ အစိုးရတာဝန်ရှိသူတွေကတော့ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ဖို့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတာပါ။ မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၈၅ ယောက်ထိ တိုးလာခဲ့ပြီး သေဆုံးသူ ၄ ယောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ကူးစက် ပျံ့ပွားမှုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံထက်မနည်း ကူးစက်ခံခဲ့ရပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၂ သန်းကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၁၃၀၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up