close

အမြင့်တိုက်နယ်

close

January 23, 2022

အမြင့်တိုက်နယ်တွင် ပျူစောထီးအဖွဲ့က နေအိမ်များကို ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်မှာ ပျူစောထီးအဖွဲ့က စစ်တပ်ဆန့်ကျင်သူတွေရဲ့ အိမ်တွေကို ဝင်ရောက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံကြီးကုန်းရွာက ပျူစောထီး ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ ဇန်နဝါရီ ၂၀ ရက်ညက ကံကြီးကုန်းရွာက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အိမ်တချို့ကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“ကိုအောင်ဆန်းဝင်းရဲ့အိမ်မှာတော့ ဆိုင်ရှိတာကြောင့် အဲဒီဆိုင်ကနေ ငွေသိန်း ၂၀၊ ရွှေ ၅ ကျပ်သား၊ ကွန်ပြူတာ လက်ပ်တော့နဲ့ စားဆီပုံးတွေလည်း ယူသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကံကြီးကုန်း ဘုန်းကြီးကျောင်းမှာ ပျူစောထီးတွေ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး စစ်ကောင်စီတပ်သားတွေကလည်း သင်တန်းပေးတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအကြောင်းကို ဒေသတွင်း သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုကနေ ဖော်ပြခဲ့ပြီး မနေ့ကတော့ ကံကြီးကုန်းရွာသား ကိုအောင်ဆန်းဝင်းရဲ့ညီကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ပြီးတော့ ကိုအောင်ဆန်းဝင်အိမ်ထဲမှာ လက်နက်တွေရှိတယ်ဆိုလို့ ရှောင်တခင်စစ်ဆေးတာဖြစ်ပြီး လက်နက်ပြုလုပ်ရာမှာ သုံးလို့ရတဲ့ ဝရိန်ပုံးနဲ့ လူမှုကွန်ရက်ကို စစ်ဆေးဖို့ ကွန်ပြူတာလက်ပ်တော့ကို သိမ်းဆည်းခဲ့တာလို့ ပျူစောထီးတယောက်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပျူစောထီးတွေက အိမ်တွေကို ဖျက်ဆီးတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်း ဖမ်းဆီးခံ ကိုအောင်ဆန်းဝင်းရဲ့ညီဖြစ်သူက ပြောထားတဲ့ ဗွီဒီယိုတခုကိုလည်း တင်ထားပါတယ်။

12 hours Ago

June 17, 2021

အမြင့်တိုက်နယ် သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်ကျေးရွာ သပိတ်ခေါင်းဆောင် ကိုဖြိုးဝေလျှံရဲ့ နေအိမ်ကို ဇွန်လ ၁၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း အကြမ်းဖက်စစ်တပ်က စစ်ကား ၃ စီး လူအင်အားအများအပြားနဲ့ ကျနော် နေအိမ်ကိုဝင်ရောက်ရှာဖွေတာလို့ ကိုဖြိုးဝေလျှံက ပြောပါတယ်။

“ကျနော့် အိမ်ကို ပထမအကြိမ် ဝင်ရောက်စီးနင်းခံရတုန်းက ကွန်ပျူတာ လက်(ပ်)တော့ တစ်လုံး၊ ၂၄ လက်မ LED TV တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဆန္ဒပြရာမှာသုံးတဲ့ ဆောင်းဘောက်စ် တစ်လုံး၊ ဆန်အိတ် ၃ အိပ်နဲ့ အစားအစာတွေ၊ နိုင်ငံရေးစာအုပ်တွေနဲ့ စာရွက်စာတမ်းတွေကို အကြမ်းဖက်စစ်တပ်က ယူဆောင်သွားတယ်။ အခုလက်ရှိအချိန်မှာတော့ ဘာတွေ ပါသွားတယ်ဆိုတာ မသိရှိရသေးဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ကျောက်တိုင်နဲ့ အမြင့်မြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုလည်း  အကြမ်းဖက်စစ်တပ်က ဖြုတ်ချသွားပြီး လမ်းလယ်မှာ မီးရှို့ဖျက်ဆီးသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကျောက်တိုင်ကို ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင် ၂၀၁၀ ပြည့်နှစ်က အမြင့် အန်အယ်လ်ဒီ ဥက္ကဋ္ဌက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

7 months Ago
Up