close

အမြင့်တိုက်နယ် သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း

မတ်လကပြုလု်ပခဲ့သည့်မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်ကျေးရွာ သပိတ်ခေါင်းဆောင် ကိုဖြိုးဝေလျှံရဲ့ နေအိမ်ကို ဇွန်လ ၁၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း အကြမ်းဖက်စစ်တပ်က စစ်ကား ၃ စီး လူအင်အားအများအပြားနဲ့ ကျနော် နေအိမ်ကိုဝင်ရောက်ရှာဖွေတာလို့ ကိုဖြိုးဝေလျှံက ပြောပါတယ်။

“ကျနော့် အိမ်ကို ပထမအကြိမ် ဝင်ရောက်စီးနင်းခံရတုန်းက ကွန်ပျူတာ လက်(ပ်)တော့ တစ်လုံး၊ ၂၄ လက်မ LED TV တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဆန္ဒပြရာမှာသုံးတဲ့ ဆောင်းဘောက်စ် တစ်လုံး၊ ဆန်အိတ် ၃ အိပ်နဲ့ အစားအစာတွေ၊ နိုင်ငံရေးစာအုပ်တွေနဲ့ စာရွက်စာတမ်းတွေကို အကြမ်းဖက်စစ်တပ်က ယူဆောင်သွားတယ်။ အခုလက်ရှိအချိန်မှာတော့ ဘာတွေ ပါသွားတယ်ဆိုတာ မသိရှိရသေးဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ကျောက်တိုင်နဲ့ အမြင့်မြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုလည်း  အကြမ်းဖက်စစ်တပ်က ဖြုတ်ချသွားပြီး လမ်းလယ်မှာ မီးရှို့ဖျက်ဆီးသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကျောက်တိုင်ကို ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင် ၂၀၁၀ ပြည့်နှစ်က အမြင့် အန်အယ်လ်ဒီ ဥက္ကဋ္ဌက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up