close

အမြင့်မြို့ဟောင်း

close

October 30, 2021

အမြင့်မြို့ဟောင်းက နေအိမ်နှစ်လုံးကို စစ်တပ်နှင့်ပျူစောထီးအဖွဲ့ မီးရှို့

စစ်ကိုင်းတိုင်း၊ အမြင့်မြို့ဟောင်းက နေအိမ်နှစ်လုံးကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ စစ်ကောင်စီနဲပျူစောထီးပူပေါင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဘယ်ကနေစ မီးလောင်တာလဲဆိုတော့ အတည်ပြုလို့မရဘူဗျ။ ဖြစ်နိုင်တာက ဟိုအရင်လတုန်းကလည်း ကျaeာ်တို့ အမြင့်မြို့က နိုင်ငံရေးတက်ကြွသူတွေရဲ့ နေအိမ်တွေနဲ့ စက်လှေတွေကို ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းပြီး မီးရှို့ခဲ့တာရှိတယ်ဗျ။ အခုဟာလည်း ဒီကောင်တွေပဲဖြစ်ဖို့ များတယ်။ မီးလောင်တာက အချိန် ၂ နာရီဆိုတော့ သူတို့အဖွဲ့ပဲရှိတာ၊ လမ်းပေါ်မှာ ဆိုက်ကယ်တွေနဲ့  ကင်းလှည့်တာတွေလုပ်နေကြတာပဲ။ ပြောရရင်ဗျာ ဒီကောင်တွေက နိုင်ငံရေးတက်ကြွတဲ့ နေအိမ်ဆိုရင် မီးရှို့ဖျက်ဆီးတာ သူတို့အကျင့်ပဲ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးနဲ့ သစ်၊ ဝါးတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးကို အချိန်မီ ငြှိမ်းသတ်လို့ ရနိုင်ပေးမဲ့ စစ်ကောင်စီက အမြင့်မြို့ဟောင်းက မီးသတ်ကားကို သိမ်းဆည်းထားသလို မီးငြှိမ်းသတ်ဖို့ ထွက်လာတဲ့ ဒေသခံရွာသားတွေကို သေနတ် ပစ်ဖောက် ခြောက်လှန့် ဟန့်တားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

27 seconds Ago

October 7, 2021

အမြင့်မြို့ဟောင်းကို စစ်ကောင်စီတပ်များ ဝင်စီးနင်း၊ အမျိုးသား ၁ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်ရှိ အမြင့်မြို့ဟောင်းဒေသမှာ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေဝင်ရောက်စီးနင်းပြီး သစ်ဆိမ့်ကျေးရွာမှာ အမျိုးသား ၁ ယောက်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချောင်းဦး-ခင်မွန်-ရွှေဒါးကျ လမ်းအတိုင်းဝင်လာပြီး သစ်ဆိမ့်ကျေးရွာအရောက်မှာ အမျိုးသားတယောက်ကို  ပစ်သတ်ကာ  နှစ်ယောက်ကိုတော့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ အမြင့်ရဲစခန်းမှာ တပ်စွဲထားပြီး  “PDFတွေ မိုက်ရင်ထွက်ခဲ့” လို့ဆိုကာ ခြိမ်းခြောက် ဆဲဆိုနေကြတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

“အမြင့်ရဲစခန်းမှာ တပ်စွဲထားတာ။ ရဲစခန်းထဲကနေ PDF တွေ ထွက်ခဲ့ဆိုပြီး အော်တယ်။ ဆဲဆိုတာတွေလည်း လုပ်တယ်။ လက်နက်တွေနဲ့ ဆိုင်ကယ်စီးပြီး ရွာထဲမှာကိုပတ် ဆဲဆိုကြိမ်းမောင်းနေတယ်။”

အမြင့်မြို့ဟောင်းအနီးကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်စီးနင်းပြီး အမြင့်ရဲစခန်းမှာ တပ်စွဲထားတဲ့အတွက် ဒေသခံပြည်သူတချို့ကတော့  စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

3 weeks Ago
Up