close

အမြင့်မြို့ဟောင်းက နေအိမ်နှစ်လုံးကို စစ်တပ်နှင့်ပျူစောထီးအဖွဲ့ မီးရှို့

စစ်ကိုင်းတိုင်း၊ အမြင့်မြို့ဟောင်းက နေအိမ်နှစ်လုံးကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဘယ်ကနေစ မီးလောင်တာလဲဆိုတော့ အတည်ပြုလို့မရဘူးဗျ။ ဖြစ်နိုင်တာက ဟိုအရင်လတုန်းကလည်း ကျနော်တို့ အမြင့်မြို့က နိုင်ငံရေးတက်ကြွသူတွေရဲ့ နေအိမ်တွေနဲ့ စက်လှေတွေကို ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းပြီး မီးရှို့ခဲ့တာရှိတယ်ဗျ။ အခုဟာလည်း ဒီကောင်တွေပဲဖြစ်ဖို့ များတယ်။ မီးလောင်တာက အချိန် ၂ နာရီဆိုတော့ သူတို့အဖွဲ့ပဲရှိတာ၊ လမ်းပေါ်မှာ ဆိုက်ကယ်တွေနဲ့  ကင်းလှည့်တာတွေ လုပ်နေကြတာပဲ။ ပြောရရင်ဗျာ ဒီကောင်တွေက နိုင်ငံရေးတက်ကြွတဲ့ နေအိမ်ဆိုရင် မီးရှို့ဖျက်ဆီးတာ သူတို့အကျင့်ပဲ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးနဲ့ သစ်၊ ဝါးတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးကို အချိန်မီ ငြှိမ်းသတ်လို့ ရနိုင်ပေမဲ့ စစ်ကောင်စီက အမြင့်မြို့ဟောင်းက မီးသတ်ကားကို သိမ်းဆည်းထားသလို မီးငြှိမ်းသတ်ဖို့ ထွက်လာတဲ့ ဒေသခံရွာသားတွေကို သေနတ် ပစ်ဖောက် ခြောက်လှန့် ဟန့်တားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up