မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ရင်ဆိုင်နေရတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး လာမယ့်အပတ်မှာ ကြားနာစစ်ဆေးမှု ခံရမယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်ဟာ အမျိုးသမီးတဦးကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ မုဒိမ်းမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အဖမ်းခံခဲ့ရတာပါ။
အချုပ်ထဲမှာ ၃ ရက်နေပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပေမဲ့ တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေ ခံရဦးမှာဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုပြီး သူ့ရဲ့ချစ်သူက ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် အထောက်အထားတွေနဲ့တကွ အွန်လိုင်းမှာ တင်ခဲ့တာကနေ စတင်ခဲ့တာပါ။
ဂရင်းဝုဒ်ကို တရားရုံးမှာ စစ်ဆေးမှုဟာ အများပြည်သူတွေရဲ့ ရှေ့မှောက်မှာ မဟုတ်ဘဲ ဂရင်းဝုဒ်ကိုယ်တိုင်လည်း တက်ရောက်ဖွယ်မရှိဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။
ဂရင်းဝုဒ်ဟာ အမှုစွဲဆိုခံခဲ့ရတဲ့ ဇန်နဝါရီလကစပြီး မန်ယူအသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရသလို အင်္ဂလန်အသင်းကလည်း ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အမှုကို အစီအစဉ်အပြောင်းအလဲမရှိဘူးဆိုရင် နိုဝင်ဘာ ၃၀ ရက် ဒီကနေ့မှာ တရားရုံးက အပြီးသတ်စီရင်ချက် အမိန့်ချဖို့ ရှိပါတယ်။
ဒါ့အပြင် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုကိုလည်း ဒီကနေ့မှာပဲ အပြီးသတ်အမိန့်ချဖို့ အစီအစဉ်ရှိတဲ့အတွက် နိုင်ငံခေါင်းဆောင် ၂ ဦးဟာ ဒီနေ့တရက်တည်းမှာ အမှု ၂ ခုအတွက် စီရင်ချက်ချခံရမှာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့နှစ်ယောက်ကို စွဲဆိုထားတဲ့ တခြား သဘာဝဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တပတ်အတွင်းမှာ ပုဒ်မ ၃ ခုအတွက် အပြီးသတ်စီရင်ချက်ချမှာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားဖမ်းဆီးထားပြီး အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှုနဲ့ ထပ်မံ တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာဖြစ်ပါတယ်။