မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်၏အမှုကို လာမည့်အပတ်တွင် ကြားနာစစ်ဆေးမည်

မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ရင်ဆိုင်နေရတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး လာမယ့်အပတ်မှာ ကြားနာစစ်ဆေးမှု ခံရမယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်ဟာ အမျိုးသမီးတဦးကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ မုဒိမ်းမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အဖမ်းခံခဲ့ရတာပါ။
အချုပ်ထဲမှာ ၃ ရက်နေပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပေမဲ့ တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေ ခံရဦးမှာဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုပြီး သူ့ရဲ့ချစ်သူက ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် အထောက်အထားတွေနဲ့တကွ အွန်လိုင်းမှာ တင်ခဲ့တာကနေ စတင်ခဲ့တာပါ။
ဂရင်းဝုဒ်ကို တရားရုံးမှာ စစ်ဆေးမှုဟာ အများပြည်သူတွေရဲ့ ရှေ့မှောက်မှာ မဟုတ်ဘဲ ဂရင်းဝုဒ်ကိုယ်တိုင်လည်း တက်ရောက်ဖွယ်မရှိဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။
ဂရင်းဝုဒ်ဟာ အမှုစွဲဆိုခံခဲ့ရတဲ့ ဇန်နဝါရီလကစပြီး မန်ယူအသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရသလို အင်္ဂလန်အသင်းကလည်း ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။