close

အယ်လီ

close

February 3, 2022

အသင်းကအလိုရှိသည့် ခံစားမှုရရန် အရေးကြီးကြောင်း အဲဗာတန်ကစားသမားသစ် အယ်လီပြော

ကစားသမားတစ်ယောက်အနေနဲ့ အသင်းဘက်ကအလိုရှိတယ်ဆိုတဲ့ ခံစားချက်ရှိဖို့ အရေးကြီး တယ်လို့ အဲဗာတန်ကစားသမားသစ်အယ်လီက ပြောပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်း အယ်လီဟာ စပါးအသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့ပြီးနောက်မှာ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့လာခဲ့တာပါ။ 

အဲဗာတန်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပထဆုံး အင်တာဗျူးမှာတော့ အသင်းက လိုလိုလားလားရှိတယ်ဆိုတဲ့ ခံစားချက်က သက်တောင့်သက်သာဖြစ်စေပြီး ယုံကြည်မှုလည်း ပိုရှိလာစေတယ်လို့ အယ်လီက ပြောသွားပါတယ်။ 

“ကစားသမားတစ်ဦးအနေနဲ့ ကိုယ့်ကို အလိုရှိတယ်ဆိုတဲ့ ခံစားချက်ရဖို့အရေးကြီးတယ်။ ပိုင်ရှင်၊ အသင်းဥက္ကဋ္ဌတွေနဲ့ အရင်ဆုံးစကားပြောခဲ့တာပါ။ သူတို့က ကျနော့်ကို အမှန်တကယ်လိုချင်ပြီး ဒီအချက်က ယုံကြည်မှုပိုရှိစေတယ်” လို့ အယ်လီက ပြောပါတယ်။ 

ကွင်းလယ်တိုက်စစ်ကစားသမားအယ်လီဟာ စပါးအသင်းမှာ နည်းပြမော်ရင်ဟိုနဲ့ ကွန်တီ လက်ထပ်တွေမှာ အရန်ကစားသမားအနေနဲ့ အများဆုံးကစားခဲ့ရပါတယ်။ 

အဲဗာတန်နည်းပြလမ်းပတ်ဟာ အံ့အားသင့်စရာနည်းပြဖြစ်ပြီး ကစားသမားဘဝက ကွင်းလယ်ကနေ ဂိုးတွေအများကြီးသွင်းခဲ့ဖူးသူဖြစ်လို့ သင်ယူစရာတွေ အများကြီးရှိတယ်လို့ အယ်လီက ပြောသွားပါတယ်။ 

3 mins Ago

December 24, 2020

စတုတ်စီးတီးနှင့်ပွဲ၌ လူစားလဲခံရသူ အယ်လီ စပါးအသင်းကနေ ထွက်ဖွယ်ရှိ

စတုတ်စီးတီးနဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် ဒေါသပေါက်ကွဲခဲ့တဲ့ အယ်လီဟာ စပါးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာပါတယ်။  အယ်လီဟာ စပါးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး စတုတ်စီးတီးနဲ့ပွဲမှာတော့ ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။  ၁ ဂိုးစီသရေကျ နေချိန် ပွဲချိန် ၆၆ မိနစ်မှာ နည်းပြ မော်ရင်ဟိုက အယ်လီကို အဲရစ်လာမီလာ နဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။  လူစားလဲခံရပြီးချိန် ကွင်းဘေးစည်းနားမှာ အယ်လီက ရေဘူးတွေကို ခြေထောက်နဲ့ ကန်ခဲ့ပြီး မော်ရင်ဟိုကလည်း လှမ်းပြီး ကြည့်နေတာကိုတွေ့ရပါတယ်။ ပွဲကြည့်စင်မှာလည်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့တဲ့ အယ်လီဟာ လာမယ့်အပြောင်း အရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေသူပါ။  ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုနေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ စတင်ကမ်းလှမ်းဖို့ ရှိနေပါတယ်။ 
1 year Ago
Up