close

အသင်းကအလိုရှိသည့် ခံစားမှုရရန် အရေးကြီးကြောင်း အဲဗာတန်ကစားသမားသစ် အယ်လီပြော

ကစားသမားတစ်ယောက်အနေနဲ့ အသင်းဘက်ကအလိုရှိတယ်ဆိုတဲ့ ခံစားချက်ရှိဖို့ အရေးကြီး တယ်လို့ အဲဗာတန်ကစားသမားသစ်အယ်လီက ပြောပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်း အယ်လီဟာ စပါးအသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့ပြီးနောက်မှာ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့လာခဲ့တာပါ။ 

အဲဗာတန်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပထဆုံး အင်တာဗျူးမှာတော့ အသင်းက လိုလိုလားလားရှိတယ်ဆိုတဲ့ ခံစားချက်က သက်တောင့်သက်သာဖြစ်စေပြီး ယုံကြည်မှုလည်း ပိုရှိလာစေတယ်လို့ အယ်လီက ပြောသွားပါတယ်။ 

“ကစားသမားတစ်ဦးအနေနဲ့ ကိုယ့်ကို အလိုရှိတယ်ဆိုတဲ့ ခံစားချက်ရဖို့အရေးကြီးတယ်။ ပိုင်ရှင်၊ အသင်းဥက္ကဋ္ဌတွေနဲ့ အရင်ဆုံးစကားပြောခဲ့တာပါ။ သူတို့က ကျနော့်ကို အမှန်တကယ်လိုချင်ပြီး ဒီအချက်က ယုံကြည်မှုပိုရှိစေတယ်” လို့ အယ်လီက ပြောပါတယ်။ 

ကွင်းလယ်တိုက်စစ်ကစားသမားအယ်လီဟာ စပါးအသင်းမှာ နည်းပြမော်ရင်ဟိုနဲ့ ကွန်တီ လက်ထပ်တွေမှာ အရန်ကစားသမားအနေနဲ့ အများဆုံးကစားခဲ့ရပါတယ်။ 

အဲဗာတန်နည်းပြလမ်းပတ်ဟာ အံ့အားသင့်စရာနည်းပြဖြစ်ပြီး ကစားသမားဘဝက ကွင်းလယ်ကနေ ဂိုးတွေအများကြီးသွင်းခဲ့ဖူးသူဖြစ်လို့ သင်ယူစရာတွေ အများကြီးရှိတယ်လို့ အယ်လီက ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up