ဆော်ဒီကလပ် အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ပြောင်းရွှေ့လာတဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ တလအတွင်းမှာ ၈ ဂိုးသွင်း ၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် တလတာ အကောင်းဆုံး ရရှိခဲ့တာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီကလပ်နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုထားပြီး တနှစ်လုပ်ခ ပေါင် ၁၇၃ သန်းအထိ ရရှိနေသူပါ။
သူဟာ ဆော်ဒီလိဂ်ပြိုင်ပွဲရဲ့ နာမည်အကြီးဆုံးကစားသမားဖြစ်သလို နိုင်ငံရဲ့ သံတမန်အဖြစ်နဲ့ပါ တာဝန်ယူ လုပ်ကိုင်နေတာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီနိုင်ငံတည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ဆော်ဒီရိုးရာဝတ်စုံ ဝတ်ဆင်ပြီး ကပြခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ပွဲစဉ် ၁၈ အပြီးမှာ ဒုတိယနေရာက အသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ် ၁၂ မှာ အယ်လ်နာဆာက အယ်လ်တေးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ရော်နယ်ဒိုဟာ အသင်းလူစာရင်းနဲ့အတူရှိခဲ့ပေမယ့် ပွဲ ကြည့်စင်ကနေပဲ အားပေးခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကိုပြောင်းရွှေ့သွားတဲ့ စီရော်နယ်ဒိုဟာ အင်္ဂလန်အက်ဖ်အေရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်နဲ့ ပွဲဦးထွက်ပွဲစဉ်ကို ကစားခွင့်မရသေးတာပါ။
အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ အယ်လ်ရှာဘက်နဲ့ ဆက်လက်ကစားရမှာဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ ပါဝင်ကစားခွင့်ရရှိမှာမဟုတ်ဘဲ ဇန်နဝါရီ ၂၃ ရက်မှာကစားမယ့် လိဂ်ပွဲစဉ် ရောက်မှ ကစားခွင့်ရမှာပါ။
ရော်နယ်ဒိုဟာ မန်ယူအသင်းမှာကစားစဉ်က အဲဗာတန်အသင်းလူငယ်ပရိသတ်တစ် ဦးဆီကဖုန်းကို လက်နဲ့ရိုက်ချခဲ့တာကြောင့် အင်္ဂလန်အက်ဖ်အေက ၂ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ် ပါတယ်။