ပွဲပယ်ပြစ်ဒဏ်ကြောင့် ရော်နယ်ဒို အယ်လ်နာဆာနှင့် ပွဲဦးထွက်ပွဲစဉ် မကစားရသေးဘဲ ပွဲ ကြည့်စင်မှ အားပေး

မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ် ၁၂ မှာ အယ်လ်နာဆာက အယ်လ်တေးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ရော်နယ်ဒိုဟာ အသင်းလူစာရင်းနဲ့အတူရှိခဲ့ပေမယ့် ပွဲ ကြည့်စင်ကနေပဲ အားပေးခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကိုပြောင်းရွှေ့သွားတဲ့ စီရော်နယ်ဒိုဟာ အင်္ဂလန်အက်ဖ်အေရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်နဲ့ ပွဲဦးထွက်ပွဲစဉ်ကို ကစားခွင့်မရသေးတာပါ။
အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ အယ်လ်ရှာဘက်နဲ့ ဆက်လက်ကစားရမှာဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ ပါဝင်ကစားခွင့်ရရှိမှာမဟုတ်ဘဲ ဇန်နဝါရီ ၂၃ ရက်မှာကစားမယ့် လိဂ်ပွဲစဉ် ရောက်မှ ကစားခွင့်ရမှာပါ။
ရော်နယ်ဒိုဟာ မန်ယူအသင်းမှာကစားစဉ်က အဲဗာတန်အသင်းလူငယ်ပရိသတ်တစ် ဦးဆီကဖုန်းကို လက်နဲ့ရိုက်ချခဲ့တာကြောင့် အင်္ဂလန်အက်ဖ်အေက ၂ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ် ပါတယ်။