close

အရှေ့ဘက်ကမ်းရိုးတန်း

close

April 8, 2022

ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတွင် ရေကြီး

ဩစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဆစ်ဒနီမြို့ရဲ့ တလစာ မိုးရေချိန်ကို တညတည်းမှာ ရွာချခဲ့လို့ ဧပြီ ၇ ရက်က ရေကြီးခဲ့ပါတယ်။

ဒါကြောင့် ဆင်ခြေဖုံးဒေသကလမ်းတွေ ရေကြီးခဲ့ရသလို အနိမ့်ပိုင်းက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တနေကုန် မိုးပိုရွာဦးမယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

ဖြစ်စဉ်က မြန်လွန်းတယ်လို့ နယူးဆောက်သ်ဝေးပြည်နယ်အရေးပေါ်ဌာန ယာယီ ကော်မရှင်နာမင်းကြီး ဒယ်နီယယ် အော်စတင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စောင့်ရှောက်ရေးဂေဟာတခုမှာ နေသူတွေကို ညတွင်းချင်း ဘေးကင်းရာရွှေ့ပေးခဲ့ရကာ လူငါးသန်းရှိတဲ့ ဆိပ်ကမ်းမြို့ဆစ်ဒနီမှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ ဘေးကင်းရာ ရွှေ့ရမယ့် ဖြစ်နိုင်ချေအတွက် ပြင်ဆင်ထားကြဖို့ အရေးပေါ်ဌာနဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။

နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၂၁၃ မီလီမီတာ ရွာသွန်းလေ့ရှိတဲ့ ဆစ်ဒနီမြို့မှာ ဒီနှစ်ထဲမှာ ပျမ်းမျှ တနှစ်လုံး ရွာသွန်းခဲ့တဲ့ မိုးရေချိန်ထက် ကျော်လွန်ပြီး ၃ လကျော်အတွင်း မိုးရေချိန် ၁၂၂၇ မီလီမီတာ ရွာချပြီးပါပြီ။

လာမယ့် ၂၄ နာရီအတွင်း ကမ်းရိုးတန်းမြို့တွေ အများအပြားဟာ မိုးရေချိန် ၇ လက်မထိ ရွာသွန်းတာ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေဝသ ဗျူရိုက ပြောထားပါတယ်။

6 mins Ago

December 3, 2019

ဩစတေးလျ အရှေ့ဘက်ကမ်းရိုးတန်းတွင် တောမီးလောင်

သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်က ဧရိယာတော်တော်များများမှာ တောမီး အကြီးအကျယ် လောင်နေတာကြောင့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ဆစ်ဒနီမြို့က အထင်ကရ အော်ပရာပြဇာတ်ရုံနဲ့ ဆိပ်ခံတံတားတို့မှာ အန္တရာယ်ရှိတဲ့ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေပါတယ်။  မကြာသေးခင် သီတင်းပတ်တွေကတည်းက နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းတလျှောက်က လယ်ယာမြေနဲ့ ချုံပုတ်မြေ ဧက ၂ ဒသမ ၅ သန်းလောက်မှာ တောမီးလောင်နေပြီး နေအိမ် အလုံး ၅၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိ ဆစ်ဒနီမြို့ရဲ့ လေထုအရည်အသွေးဟာ လွန်ခဲ့တဲ့ ငါးနှစ်ကထက် သုံးဆကျော် ပိုညစ်ညမ်းနေတယ်လို့ နယူးဆောက်သ်ဝေးလ်ပြည်နယ် သဘာဝပတ်ဝန်းကျင်ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ချုံပုတ်နဲ့ မြက်ခြောက်မီးလောင်ပြင် ၁၀၀ ကျော်ရှိပြီး Blue Mountains တောင်တန်းဒေသ မီးလောင်ပြင်က ထွက်လာတဲ့ မီးခိုးတွေကြောင့် ဆစ်ဒနီမြို့မှာ အဆိပ်ရှိတဲ့ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတာလို့ ပြည်နယ် ကျေးလက်မီးသတ်ဌာနက ဒီဇင်ဘာ ၃ ရက်နေ့က ပြောပါတယ်။
2 years Ago
Up