close

ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတွင် ရေကြီး

ဩစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဆစ်ဒနီမြို့ရဲ့ တလစာ မိုးရေချိန်ကို တညတည်းမှာ ရွာချခဲ့လို့ ဧပြီ ၇ ရက်က ရေကြီးခဲ့ပါတယ်။

ဒါကြောင့် ဆင်ခြေဖုံးဒေသကလမ်းတွေ ရေကြီးခဲ့ရသလို အနိမ့်ပိုင်းက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တနေကုန် မိုးပိုရွာဦးမယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

ဖြစ်စဉ်က မြန်လွန်းတယ်လို့ နယူးဆောက်သ်ဝေးပြည်နယ်အရေးပေါ်ဌာန ယာယီ ကော်မရှင်နာမင်းကြီး ဒယ်နီယယ် အော်စတင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စောင့်ရှောက်ရေးဂေဟာတခုမှာ နေသူတွေကို ညတွင်းချင်း ဘေးကင်းရာရွှေ့ပေးခဲ့ရကာ လူငါးသန်းရှိတဲ့ ဆိပ်ကမ်းမြို့ဆစ်ဒနီမှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ ဘေးကင်းရာ ရွှေ့ရမယ့် ဖြစ်နိုင်ချေအတွက် ပြင်ဆင်ထားကြဖို့ အရေးပေါ်ဌာနဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။

နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၂၁၃ မီလီမီတာ ရွာသွန်းလေ့ရှိတဲ့ ဆစ်ဒနီမြို့မှာ ဒီနှစ်ထဲမှာ ပျမ်းမျှ တနှစ်လုံး ရွာသွန်းခဲ့တဲ့ မိုးရေချိန်ထက် ကျော်လွန်ပြီး ၃ လကျော်အတွင်း မိုးရေချိန် ၁၂၂၇ မီလီမီတာ ရွာချပြီးပါပြီ။

လာမယ့် ၂၄ နာရီအတွင်း ကမ်းရိုးတန်းမြို့တွေ အများအပြားဟာ မိုးရေချိန် ၇ လက်မထိ ရွာသွန်းတာ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေဝသ ဗျူရိုက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up