close

အလန်ရှီးယား

close

November 10, 2022

ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ကွာတားဖိုင်နယ်ပဲရောက်နိုင်ဟု အလန်ရှီးယား သုံးသပ်

၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အထိပဲ ရောက်ရှိနိုင်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၈ သင်းအဆင့်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တွေ့ဆုံနိုင်တာကြောင့် အဲဒီအဆင့်မှာပဲ ရှုံးနိမ့်ရလိမ့်မယ်လို့ အလန်ရှီးယားက ခန့်မှန်းခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယဆုတွေ ရရှိထားပေမဲ့ အခုနှစ်ပြိုင်ပွဲမှာ အဲဒီလိုဖြစ်လာဖို့မရှိကြောင်း အလန်ရှီးယားက ပြောပါတယ်။

“ကွင်းလယ်နဲ့ တိုက်စစ်နေရာတွေအတွက် နည်းပြဆောက်ဂိတ်အနေနဲ့ ယုံကြည်မှုရှိနေပေမဲ့ ခံစစ်ပိုင်းမှာတော့ ဆိုးရွားနေတယ်” လို့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ အီရန်၊ အမေရိကန်၊ ဝေးလ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

7 mins Ago

December 21, 2020

ဖန်တီးမှုနှင့်တိုက်ပွဲစိတ်ဓာတ်အားနည်းသည့် အာဆင်နယ် တန်းဆင်းရနိုင်ဟု အလန်ရှီးယား သုံးသပ်

ဖန်တီးနိုင်မှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် မရှိတာကြောင့် အာဆင်နယ်အသင်း တန်းဆင်းရနိုင်တယ်လို့ အလန်ရှီးယားက သုံးသပ်ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့က အဲဗာတန်နဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တာပါ။  ပွဲစဉ် ၁၄ အပြီးမှာ ရမှတ် ၁၄ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်ကအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။  အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး BBC ရဲ့ Match of the Day ဆိုတဲ့ အစီအစဉ်မှာ အလန်ရှီးယားက သုံးသပ်ရာမှာတော့ ကွင်းလယ်မှာ အခွင့်အရေးဖန်တီးနိုင်သူ မရှိသလို ကစားသမားတွေဟာလည်း တိုက်ပွဲဝင်စိတ်ဓာတ်မရှိဘဲ အေးအေးဆေးဆေး ကစားနေကြတယ်လို့ အလန်ရှီးယားက ဝေဖန်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်အသင်းအနေနဲ့ တန်းမဆင်းရနိုင်ဘူးလို့ သေချာပေါက် မပြောနိုင်ကြောင်း အလန်ရှီးယားက သုံးသပ်ခဲ့တာပါ။  နည်းပြ အာတီတာအတွက် အစွမ်းကုန်ပေးဆပ်ခြင်းမရှိတဲ့ ကစားသမားတချို့လည်းရှိနေပြီး ပေပေဟာဆိုရင် မကြာခဏ လမ်းလျှောက်နေပြီး ဧရိယာထဲဝင်ဖို့အတွက် ပြင်ဆင်လာခဲ့ခြင်း မရှိဘူးလို့ အလန်ရှီးယားက ဝေဖန်သွားပါတယ်။
2 years Ago
Up