ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ကွာတားဖိုင်နယ်ပဲရောက်နိုင်ဟု အလန်ရှီးယား သုံးသပ်

၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အထိပဲ ရောက်ရှိနိုင်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၈ သင်းအဆင့်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တွေ့ဆုံနိုင်တာကြောင့် အဲဒီအဆင့်မှာပဲ ရှုံးနိမ့်ရလိမ့်မယ်လို့ အလန်ရှီးယားက ခန့်မှန်းခဲ့တာပါ။
အင်္ဂလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယဆုတွေ ရရှိထားပေမဲ့ အခုနှစ်ပြိုင်ပွဲမှာ အဲဒီလိုဖြစ်လာဖို့မရှိကြောင်း အလန်ရှီးယားက ပြောပါတယ်။
“ကွင်းလယ်နဲ့ တိုက်စစ်နေရာတွေအတွက် နည်းပြဆောက်ဂိတ်အနေနဲ့ ယုံကြည်မှုရှိနေပေမဲ့ ခံစစ်ပိုင်းမှာတော့ ဆိုးရွားနေတယ်” လို့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ အီရန်၊ အမေရိကန်၊ ဝေးလ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။