close

အလာဘာ

close

June 10, 2022

နည်းပြရန်းနစ်ခ် မန်ယူတွင် လုံလောက်သည့်အချိန် မရခဲ့ဟု အလာဘာပြော

နည်းပြ ရက်ဖ်ရန်းနစ်ခ်ဟာ မန်ယူအသင်းမှာ လုံလောက်တဲ့အချိန် မရခဲ့ကြောင်း သြစတြီးယား အသင်းခေါင်းဆောင် ဒေးဗစ်အလာဘာက ပြောပါတယ်။

နည်းပြ ရန်းနစ်ခ်ဟာ မူလက သြစတြီးယားလက်ရွေးစင်နည်းပြ ရာထူးနဲ့ မန်ယူအသင်း အကြံပေးရာထူး ၂ ခုကို တပြိုင်နက်တည်း တာဝန်ယူဖို့ စီစဉ်ခဲ့ပေမဲ့ ယူနိုက်တက်အကြံပေးရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိအချိန်မှာ မိခင်နိုင်ငံ သြစတြီးယားလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ရန်းနစ်ခ်ဟာ ပွဲဦးထွက်ပွဲစဉ်မှာပဲ ခရိုအေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်မှာ ဒိန်းမတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကတော့ နည်းပြ ရန်းနစ်ခ်ဟာ ပွဲကြိုပြင်ဆင်ရာမှာ အလွန်ကောင်းမွန်ပြီး ပွဲကစားချိန်မှာလည်း ပြိုင်ဘက်အသင်းကို အသက်ရှူခွင့်တောင်မပေးဘဲ ကစားစေသူဖြစ်လို့ အသင်းအတွက် ကောင်းမွန်ကြောင်း ချီးကျူးခဲ့ပါတယ်။

သူဟာ မန်ယူနိုက်တက်မှာတော့ လုံလောက်တဲ့အချိန် မရခဲ့တာကြောင့် အကောင်းဆုံးပုံစံ မရခဲ့တာဖြစ်ပြီး ဘောလုံးအကြောင်းကို နောကျေအောင်သိသူဖြစ်တယ်လို့ အသင်းခေါင်းဆောင် အလာဘာက ပြောပါတယ်။

ရန်းနစ်ခ်ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်တာဝန်ယူခဲ့ပြီး ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

3 hours Ago

December 23, 2020

ဘိုင်ယန်နောက်ခံလူ အလာဘာကို တရားဝင်ဆွေးနွေးရန် မန်ယူအသင်း စီစဉ်

မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။  အသက် ၂၈ နှစ်ရှိ သြစတြီးယား နောက်ခံလူ အလာဘာဟာ ဘိုင်ယန်မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။  အသင်းကနေ ထွက်ခွာဖို့လည်း အတည်ပြုထားတဲ့ အလာဘာကို မန်ယူအသင်းအပြင် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတွေကလည်း ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။  မန်ယူအသင်းကတော့ ပြိုင်ဘက်တွေထက် လက်ဦးမှုရယူချင်တာကြောင့် ကစားသမားနဲ့ လာမယ့်ဇန်နဝါရီမှာ စတင်ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ AS ကတော့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေကလည်း အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
1 year Ago
Up