close

နည်းပြရန်းနစ်ခ် မန်ယူတွင် လုံလောက်သည့်အချိန် မရခဲ့ဟု အလာဘာပြော

နည်းပြ ရက်ဖ်ရန်းနစ်ခ်ဟာ မန်ယူအသင်းမှာ လုံလောက်တဲ့အချိန် မရခဲ့ကြောင်း သြစတြီးယား အသင်းခေါင်းဆောင် ဒေးဗစ်အလာဘာက ပြောပါတယ်။

နည်းပြ ရန်းနစ်ခ်ဟာ မူလက သြစတြီးယားလက်ရွေးစင်နည်းပြ ရာထူးနဲ့ မန်ယူအသင်း အကြံပေးရာထူး ၂ ခုကို တပြိုင်နက်တည်း တာဝန်ယူဖို့ စီစဉ်ခဲ့ပေမဲ့ ယူနိုက်တက်အကြံပေးရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိအချိန်မှာ မိခင်နိုင်ငံ သြစတြီးယားလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ရန်းနစ်ခ်ဟာ ပွဲဦးထွက်ပွဲစဉ်မှာပဲ ခရိုအေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်မှာ ဒိန်းမတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကတော့ နည်းပြ ရန်းနစ်ခ်ဟာ ပွဲကြိုပြင်ဆင်ရာမှာ အလွန်ကောင်းမွန်ပြီး ပွဲကစားချိန်မှာလည်း ပြိုင်ဘက်အသင်းကို အသက်ရှူခွင့်တောင်မပေးဘဲ ကစားစေသူဖြစ်လို့ အသင်းအတွက် ကောင်းမွန်ကြောင်း ချီးကျူးခဲ့ပါတယ်။

သူဟာ မန်ယူနိုက်တက်မှာတော့ လုံလောက်တဲ့အချိန် မရခဲ့တာကြောင့် အကောင်းဆုံးပုံစံ မရခဲ့တာဖြစ်ပြီး ဘောလုံးအကြောင်းကို နောကျေအောင်သိသူဖြစ်တယ်လို့ အသင်းခေါင်းဆောင် အလာဘာက ပြောပါတယ်။

ရန်းနစ်ခ်ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်တာဝန်ယူခဲ့ပြီး ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

//
Up